Connect with us

Europe

Brexitကာလကို အောက်တိုဘာ လကုန်ထိ ရွှေ့ဆိုင်းရန် ဥရောပသမဂ္ဂ သဘောတူ

ဥရောပကောင်စီဥက္ကဋ္ဌ Donald Tuskအား ဧပြီ ၁၁ ရက်တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ် (ဆင်ဟွာ)

ဘရပ်ဆဲလ်၊ ဧပြီ ၁၁ ရက်(ဆင်ဟွာ)

ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံ ၂၇ နိုင်ငံက Brexit ကာလကို အောက်တိုဘာလ ၃၁ ရက်နေ့အထိ ရွှေ့ဆိုင်းရန် သဘောတူညီလိုက်ပြီဖြစ်ကြောင်း နာရီနှင့်ချီ တံခါးပိတ်ဆွေးနွေးမှုများပြုလုပ်ပြီးနောက် ဥရောပကောင်စီဥက္ကဋ္ဌ Donald Tuskက ဧပြီ ၁၁ ရက် ညပိုင်းတွင် ကျင်းပသည့် သတင်းစာ ရှင်းလင်း ပွဲ၌ ပြောကြားခဲ့သည်။

Brexit ကာလကို အောက်တိုဘာ လကုန်ထိရွှေ့ဆိုင်းလိုက်ပြီဖြစ်သောကြောင့် ဗြိတိန်အနေဖြင့် အကောင်းဆုံးဖြေရှင်းရန်နည်းလမ်းကို ရှာဖွေနိုင်ရန် အချိန် ၆ လကြာ ရရှိမည်ဖြစ်ကြောင်း ဥရောပကောင်စီဥက္ကဋ္ဌ Donald Tuskက ဆိုသည်။

ထို့နောက်မကြာမီ ဥရောပကောင်စီမှ ကြေညာချက်ထုတ်ပြန်ခဲ့ရာ ဗြိတိန်သည် ဥရောပသမဂ္ဂ၏ အဖွဲ့ဝင်အဖြစ်ရှိနေဆဲဖြစ်ရာ ဗြိတိန်အနေဖြင့် မေ ၂၂ ရက်အထိ Brexit သဘောတူညီချက်ကို အတည်ပြုခြင်းမရှိပါက ဥရောပသမဂ္ဂ၏ ဥပဒေအရ ဥရောပပါလီမန်ရွေးကောက်ပွဲတွင် ပါဝင် ရမည်ဖြစ်ပြီး Brexitကို ဇွန်လ ၁ ရက်တွင် လုပ်ဆောင်သွားမည်ကြောင်း သိရသည်။

ဗြိတိန်ဝန်ကြီးချုပ်ထရီဇာမေကလည်း ဗြိတိန်အနေဖြင့် သဘောတူညီချက်အရ ဥရောပသမဂ္ဂမှ ချက်ချင်းနုတ်ထွက်သင့်ကြောင်း ၊ ဥရောပသမဂ္ဂမှ ဗြိတိန် အဆင်ပြေချောမွေ့စွာ နုတ်ထွက်နိုင်ရန် လွှတ်တော်ကို ပြောကြားနိုင်ခြင်းမရှိသည့်အတွက် အလွန်စိတ်မကောင်း ဖြစ်မည့်ပါကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ၂၇ နိုင်ငံ၏ ခေါင်းဆောင်များက ဧပြီ ၁၀ ရက် ဘရပ်ဆဲလ်တွင် အထူး ထိပ်သီး ဆွေးနွေးပွဲ ကျင်းပပြီး Brexit အရေးကို ဆွေးနွေးခဲ့သည်။ ထိပ်သီးဆွေးနွေးပွဲမတိုင်မီ ထရီဇာမေက Donald Tuskထံသို့ စာရေးသား၍ လစ္စဘွန်း သဘောတူညီချက် အပိုဒ် ၅၀ ကန့်သတ်ကာလကို တိုးမြှင့်ပေးရန် ၊ Brexit အချိန်ကို ဇွန် ၃၀ ရက်အထိ ရွှေ့ဆိုင်းပေးရန် တောင်းဆိုခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.