Connect with us

Europe

ဥရောပတွင် ဒုက္ခသည် ပဋိပက္ခအား နေတိုး (NATO) က ထောက်ပံ့ကူညီမည်

နေတိုး အထွေထွေ အတွင်းရေးမှူး ဂျန်းစ် စတိုလ်တန်ဘာ့ဂ်အား သတင်းစာ ရှင်းလင်းပွဲ၌ တွေ့ရစဉ် (ဆင်ဟွာ)

ဘရပ်ဆဲလ်၊ ဖေဖော်ဝါရီ ၁၂ ရက် (ဆင်ဟွာ)

မြောက် အတ္တလန္တိတ် စာချုပ်ဝင် နိုင်ငံများအဖွဲ့ (NATO) ၏ ကာကွယ်ရေး ဝန်ကြီးများသည် ဥရောပအတွင်း ဖြစ် ပွားလျက် ရှိသည့် ဒုက္ခသည် ပဋိပက္ခအား ကူညီ ထောက်ပံ့ရန် ဖေဖော်ဝါရီလ ၁၁ ရက်က သဘောတူခဲ့ကြ ကြောင်း နေတိုး အထွေထွေ အတွင်းရေးမှူး ဂျန်းစ် စတိုလ်တန်ဘာ့ခ်က သတင်းစာရှင်းလင်းပွဲ၌ ပြောသည်။

၎င်းက “ရည်ရွယ်ချက် ကတော့ အေဂျီယန် ပင်လယ်အတွင်း တရားမဝင် လူကုန်ကူးခြင်းနှင့် တရားမဝင် ရွှေ့ပြောင်း သွားလာနေမှုများအား ရပ်တန့်သွားစေရေး အတွက် နိုင်ငံတကာက ပါဝင် ကြိုးပမ်းကြဖို့ ဖြစ်တယ်” ဟု ပြောသည်။

လတ်တလော၌ အဆိုပါ ဒေသအတွင်း နေတိုး ရေကြောင်း အမြဲတမ်း အဖွဲ့ ( ၂ ) က သက်ဆိုင်ရာ အာဏာပိုင်များနှင့် အတူ အေဂျီယမ် ပင်လယ်အတွင်း ကင်းထောက်ခြင်း၊ စောင့်ကြည့်ခြင်းနှင့် စောင့်ကြပ်ခြင်း လုပ်ငန်းများ လုပ်ဆောင် သွားမည်ဟု နေတိုး အကြီးအကဲက ပြောသည်။

ယင်းအစည်းအဝေး မတိုင်မီ နေတိုး မိတ်ဖက် သုံးနိုင်ငံ ဖြစ်သော တူရကီ၊ ဂျာမနီနှင့် ဂရိနိုင်ငံများက ကမ္ဘာစစ် ကတည်းက အဆိုးဆုံး ဖြစ်ပွားလာသည့် ဒုက္ခသည် ပဋိပက္ခတွင် ပါဝင် ကူညီရန် တောင်းဆိုခဲ့ကြသည်။

ထိုသို့ လုပ်ဆောင်မှုက ဒုက္ခသည် လှေများအား ပြန်ပို့ရန်နှင့် ရပ်တန့်သွားရန် မဟုတ်ကြောင်း၊ လူကုန်ကူးမှု ထောက်လှမ်းရေးနှင့် မှုခင်း ချိတ်ဆက်မှုများကို နိုင်ငံအလိုက် ကမ်းခြေစောင့် တပ်ဖွဲ့များနှင့် ပူးပေါင်း ဆောင်ရွက်သလို ဥရောပ သမဂ္ဂနှင့်လည်း နီးကပ်စွာ လုပ်ကိုင်သွားမည် ဖြစ်ကြောင်း စတိုလ်တန်ဘာ့ဂ်က ပြောသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.