Connect with us

Europe

ပြင်သစ် နိုင်ငံ သမ္မတက ပြင်သစ် နိုင်ငံ အနေဖြင့် စစ်ပွဲ ဆင်နွှဲနေသည့် အခြေအနေသို့ရောက်ရှိနေပြီး စစ်မှုထမ်း အင်အား ၅,၀၀၀ တိုးချဲ့သွားမည် ဖြစ်ကြောင်း ပြောကြား

ပြင်သစ် နိုင်ငံ သမ္မတ ဖရန်ဆွာ ဟော်လန်ဒီ အား မြင်တွေ့ရစဉ် (ဆင်ဟွာ)

ပဲရစ် ၊ နိုဝင်ဘာ ၁၇ ရက် (ဆင်ဟွာ)

ပြင်သစ် နိုင်ငံ သမ္မတ ဖရန်ဆွာ ဟော်လန်ဒီ ( François Hollande ) က နိုဝင်ဘာ ၁၆ ရက်နေ့တွင် ပဲရစ်မြို့ အနောက်ဘက်ရှိ Versailles နန်းတော်တွင် ပြုလုပ် ခဲ့သည့် လွှတ်တော် နှစ်ရပ် အစည်းအဝေး တွင် အစွန်းရောက် အဖွဲ့အစည်း များသည် အပြည်ပြည်ဆိုင်ရာ လူနေမှု အသိုင်းအဝိုင်း တစ်ခုလုံးအား ခြိမ်းခြောက်မှု တစ်ရပ် ပြုလုပ်လာခဲ့ပြီး ပြင်သစ် နိုင်ငံ အနေဖြင့် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အစည်းအဝေးအား အမြန်ဆုံး ပြုလုပ်ကာ အစွန်းရောက် မူဝါဒများအား တိုက်ခိုက် လိုကြောင်း ပြောကြား ခဲ့သည်။

ဟော်လန်ဒီက ပြင်သစ် နိုင်ငံသည် လက်ရှိချိန်တွင် စစ်ပွဲ ဆင်နွှဲနေသည့် အခြေအနေသို့ ရောက်ရှိ နေပြီး ဖြစ်ကြောင်း ၊ နိုဝင်ဘာလ ၁၃ ရက်နေ့က ပဲရစ် မြို့တွင် ဖြစ်ပွား ခဲ့သော အကြမ်းဖက်မှု များကြောင့် လူပေါင်း ၁၂၉ ဦး သေဆုံး ခဲ့ရပြီး ဤ သည်မှာ အစွန်းရောက် အကြမ်းဖက်အဖွဲ့အစည်း၏ စစ်ပွဲ ဆိုင်ရာ ဆောင်ရွက်မှု များဖြစ်ကြောင်း ၊ IS အကြမ်းဖက် အဖွဲ့သည် ယခု နှစ်အတွင်း၌ပင် နိုင်ငံ ပေါင်းများစွာအား အကြမ်းဖက်မှု များပြုလုပ် ခဲ့ပြီး အပြည်ပြည်ဆိုင်ရာ လူမှု ပတ်ဝန်းကျင်အတွက် ခြိမ်းခြောက်မှု တစ်ရပ် ဖြစ်လာစေခဲ့ကြောင်း ၊ အီးယူ အဖွဲ့ဝင် နိုင်ငံ များအနေဖြင့် အကြမ်းဖက်မှု တိုက်ဖျက်ရေး အား ပိုမို ပူးပေါင်း ဆောင်ရွက်ကာ မှောင်ခို လက်နက် ရောင်းဝယ်ရေး ၊ နယ်စပ် စစ်ဆေးရေး နှင့် အကြမ်းဖက် အဖွဲ့ဝင်များ စုံစမ်း စစ်ဆေးရေး စသည့် ကဏ္ဍများတွင် သတင်း အချက်အလက် မျှဝေ အသုံးပြုသွားရန် တိုက်တွန်း လိုကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် ဟော်လန်ဒီ မှ နိုင်ငံ အရေးပေါ် အခြေအနေအား နောက်ထပ် အချိန် ၃ လ တိုးမြှင့်ရန် လွှတ်တော်သို့ တင်သွင်း ခဲ့ပြီး ဖြစ်ကြောင်း ၊ ပြင်သစ် နိုင်ငံ ဝန်ကြီးချုပ်အားလည်း ယခု အပတ်အတွင်း နိုင်ငံသား လက်မှတ် နှစ်နိုင်ငံ ကိုင်ဆောင်ခြင်း ၊ မွေးဖွားရာ ဇာတိမြေ စသည်တို့နှင့် ပတ်သက်သည့် အခြေခံ ဥပဒေအား ပြင်ဆင်ရန် ပြောကြား ခဲ့ကြောင်း ၊ ထို့ပြင် ပြင်သစ် နိုင်ငံ အနေဖြင့် လုံခြုံရေး အင်အား တိုးမြှင့်ရန် အတွက် လာမည့် ၂ နှစ်အတွင်း စစ်သည် ဝန်ထမ်း အင်အား ၅,၀၀၀ တိုးချဲ့ကာ ပြင်သစ် ကာကွယ်ရေး အင်အားကို တိုးမြှင့် သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.