Connect with us

Europe

ဘူဂေးရီးယား-ပေါ်တူဂီ ဆက်ဆံရေးသည် ဥရောပ၏ အနာဂတ်သင်္ကေတဖြစ်ကြောင်း ဘူဂေးရီးယားသမ္မတပြောကြား

ဘူဂေးရီးယား သမ္မတ ရူမန်းရဒဗ် (Rumen Radev) အားတွေ့ရစဉ် (ဓာတ်ပုံ--အင်တာနက်)

လစ္စဘွန်း၊ ဇန်နဝါရီ ၃၁ ရက် (ဆင်ဟွာ)

ဘူဂေးရီးယား နှင့် ပေါ်တူဂီ တို့၏ ဆက်ဆံရေးသည် အနာဂတ်ဥရောပ ၏ သင်္ကေတတစ်ခုဖြစ်ကြောင်း ၊နှစ်နိုင်ငံ ပူးပေါင်းမှုနှင့် တွေ့ဆုံဆွေးနွေးမှုများကြိုးပမ်းခြင်းသည် ဥရောပ၏အခြေခံကျသည့် စံတစ်ခုဖြစ်ကြောင်း ဘူဂေးရီးယား သမ္မတ ရူမန်းရဒဗ် (Rumen Radev) ၏ချစ်ကြည်ရေးခရီးစဉ်အတွင်း ဇန်နဝါရီလ ၃၀ ရက်နေ့ကပြောကြားခဲ့သည်။

ပေါ်တူဂီသမ္မတ မာဆယ်လိုရီဘယ်လိုဒီဆိုးဆ (Marcelo Rebelo de Sousa)

ပေါ်တူဂီသည် ဥရောပသမဂ္ဂ နှင့် ပူးတွဲပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် Radev က ဥရောပသမ္မဂမှ ဗြိတိန်ထွက်ခွာခြင်း နှင့် အနောက်နိုင်ငံအကျိုးရည်မျှော်သည့်ဝါဒများနှင့်ပတ်သက်၍ Marcelo Rebelo de Sousa နှင့် ရပ်တည်ချက်များတူညီသည့်အတွက်ဝမ်းမြောက်ကြည်နူးကြောင်းပြောခဲ့သည်။

ဥပရောပသမဂ္ဂမှ ဗြိတိန်ထွက်ခွာခြင်း နှင့်ပတ်သက်၍ မေးမြန်းခဲ့ရာတွင် ဘူဂေးရီးယားသမ္မတ Radevက ဥရောပသမ္မဂအတွင်းရှိ နိုင်ငံများတွင် အခြားနိုင်ငံများ၏ လိုလားခံစားချက်ကို နားလည်ရာတွင် ကွဲပြားခြားနားမှုများရှိသော်လည်း ပြသနာများဖြေရှင်းရာ၌ ဥရောပသမ္မဂ၏ ရပ်တည်ချက်ညီညွတ်မှုရှိစေရန် ထိန်းသိမ်းစောင့်ရှောက်ရေးဖြစ်ကြောင်း ပြောခဲ့သည်။

ဥရောပသမဂ္ဂအနေဖြင့် မူလကပင်စည်းလုံးစွာရပ်တည်ခြင်းရှိပြီး ၎င်းရပ်တည်ချက် ကာကွယ်ခြင်းနှင့် ခိုင်မာစေရန် မုချလုပ်ဆောင်ရမည်ဖြစ်ကြောင်း ၎င်း က အလေးပေးပြောကြားခဲ့သည်။

Radev ၏ ပေါ်တူဂီသို့ ၂ ရက်တာ ချစ်ကြည်ရေးခရီးစဉ် ကို ဇန်နဝါရီလ ၃၀ ရက်နေ့တွင် စတင်ခဲ့ပြီး၊ ၎င်းခရီးစဉ်အတွင်း Radev အနေဖြင့် ဝန်ကြီးချုပ် အန်တိုနီရိုကိုစတာ(Antonio Costa)၊ လွှတ်တော်ဥက္ကဋ္ဌ အဒူရာဒို ဖီရိုရော့ဒ်ရီဂက်စ် (Eduardo Ferro Rodrigues) တို့နှင့်လည်းတွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။ (Xinha)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.