Connect with us

Europe

ရုရှား နိုင်ငံ တွင် ခရီးသည် တင်ကား နှင့် ကုန်တင်ကား တိုက်မှုဖြစ်ပွား ရာ ၁၃ ဦးသေဆုံး

ရုရှား နိုင်ငံတွင် ဖြစ်ပွား ခဲ့သည့် ယာဉ်တိုက်မှု အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

မော်စကို ၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ)

ရုရှား နိုင်ငံ Tatarstan ဒေသ အတွင်း ဇူလိုင် ၂ ရက်နေ့ က ခရီးသည် တင်ကား တစ်စင်း နှင့် ကုန်တင်ကား တစ်စင်း ခေါင်းချင်းဆိုင်တိုက်မှု ဖြစ်ပွား ခဲ့ပြီး လူပေါင်း ၁၃ ဦး သေဆုံး ခဲ့ကြောင်း သိရှိရသည်။

ရုရှား နိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်အရ ဒေသစံတော်ချိန် ဇူလိုင်လ ၂ ရက်နေ့ ၀ နာရီ ၄၀ မိနစ် အချိန်ခန့်တွင် Tatarstan ဒေသ တွင် ခရီးသည် တင်ကား နှင့် ကုန်တင်ကား တို့ ယာဉ်တိုက်မှု ဖြစ်ပွား ခဲ့ကြောင်း ၊ ခရီးသည် တင်ကား တွင် ယာဉ်မောင်း အပါအဝင် ၂၈ ဦး ပါဝင်ကြောင်း ၊ ကားနှစ်စင်း တိုက်မှု ဖြစ်ပွား ခဲ့ပြီးနောက်တွင် မီးလောင်ကျွမ်းကာ ခရီးသည် တင်ကားပေါ်ရှိ ကလေးငယ် ၂ ဦး အပါအဝင် ၁၃ ဦး သေဆုံးခဲ့ကာ ၁၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ၊ လက်ရှိချိန်တွင် ဒဏ်ရာရရှိသူများကို ဆေးရုံ သို့ပို့ဆောင်ပေးခဲ့ပြီး ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ ခဲ့သည်။အခင်းဖြစ်စဉ် တွင် ကုန်တင်ကား ယာဉ်မောင်း မှာ ဒဏ်ရာရရှိခဲ့ခြင်း မရှိဘဲ လက်ရှိချိန်တွင် ရပ်တပ်ဖွဲ့၏ စုံစမ်းစစ်ဆေးမှု ကို ခံယူနေကြောင်း သိရှိရသည်။(Xinhua)