Connect with us

Europe

ဘရာဇီးနိုင်ငံတွင် ပထမဆုံး အစိုးရအဖွဲ့ဝင်အဖြစ် အမျိုးသမီးတစ်ဦး ခန့်အပ်ကြောင်း သမ္မတ Bolsonaro ကြေညာ

ဘရာဇီးနိုင်ငံ လယ်ယာစိုက်ပျိုးရေးဝန်ကြီးသစ်ဖြစ်လာသော Tereza Cristina Dias အား တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)

ရီယိုဒီဂျနေးရိုး၊ နိုဝင်ဘာ ၈ ရက် (ဆင်ဟွာ)

ဘရာဇီးနိုင်ငံ လယ်ယာစိုက်ပျိုးရေးဝန်ကြီးသစ်အဖြစ် ပထမဆုံး ဥပဒေပြုလွှတ်တော်အမတ် အမျိုးသမီး Tereza Cristina Dias အား ခန့်အပ်လိုက်ကြောင်း ရွေးကောက်ခံ သမ္မတ Jair Bolsonaro က နိုဝင်ဘာလ ၇ ရက်တွင် ကြေညာလိုက်သည်။

Dias သည် ဘရာဇီးနိုင်ငံ အနောက်အလယ်ပိုင်း Mato Grosso do Sul ပြည်နယ်မှဖြစ်ပြီး ပထမဆုံး အစိုးရအဖွဲ့ဝင် အမျိုးသမီးဖြစ်လာသလို ဘရာဇီးနိုင်ငံ လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာနကို ခေါင်းဆောင်သည့် ဒုတိယမြောက် အမျိုးသမီးလည်း ဖြစ်သည်။

အဆိုပါ ကြေညာချက်သည် အသွင်ကူးပြောင်းရေးအဖွဲ့ တွေ့ဆုံပွဲပြီးနောက် ပေါ်ထွက်လာခြင်း ဖြစ်သည်။

လယ်ယာစိုက်ပျိုးရေး ဝန်ကြီးသစ် Dias သည် သီးနှံစိုက်ပျိုးရေးပညာရှင်တစ်ဦးဖြစ်သလို Agribusiness Parliamentary Front (FPA) ၏ လက်ရှိခေါင်းဆောင်လည်း ဖြစ်သည်။

ထို့ပြင် Bolsonaro က စီးပွားရေးဝန်ကြီးဌာနအသစ်ကို ဦးဆောင်မည့် Paulo Guedes အပါအဝင် အခြား အစိုးရအဖွဲ့ဝင် လေးဦးကို ကြေညာခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.