Connect with us

Europe

ဂျေရုစလမ်ကို အစ္စရေးမြို့တော်အဖြစ် အမေရိကန်က အသိအမှတ်ပြုပါက ထိတ်လန့်ဖွယ် ဆိုးရွားမှုဖြင့် ကြုံတွေ့ရမည်ဟု တူရကီ သတိပေး

တူရကီနိုင်ငံသမ္မတ အာဒိုဂန်အားတွေ့ ရစဉ်(ဆင်ဟွာ)

အန်ကာရာ ၊ ဒီဇင်ဘာ ၅ ရက်(ဆင်ဟွာ)

အစ္စရေးနိုင်ငံက ဂျေရုစလမ်ကို မြို့တော်အဖြစ် ဖြစ်နိုင်ဖွယ် ပြောင်းရွှေ့မှုကို အမေရိကန်နိုင်ငံအနေဖြင့် အသိအမှတ်ပြုလက်ခံပါက ယင်းဒေသတွင် ဆိုးရွားမှု ဖြင့် ကြုံတွေ့ရမည်ဖြစ်ကြောင်း တူရကီအစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူ Bekir Bozdag က ဒီဇင်ဘာ ၄ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။

“ ဂျေရုစလမ်ရဲ့ တည်ရှိမှုက ပြောင်းလဲသွားမယ် ၊ ပြီးတော့ အခြားခြေလှမ်းတစ်ခုက ဒီလိုနေရာယူသွားပြီးဆိုရင် ကပ်ဘေးကြီးတစ်ခု ဖြစ်လာပါလိမ့်မယ်” ဟု အစိုးရအဖွဲ့အစည်းအဝေးအပြီး ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် Bekir Bozdag က ပြောကြားခဲ့သည်။

အဆိုပါပြောင်းရွှေ့မှုမှ အစ္စရေးဖြစ်စေ ၊ ပါလက်စတိုင်းဖြစ်စေ မည်သူကမျှ အကျိုးအမြတ်ရရှိမည်မဟုတ်ကြောင်း Bozdag က ဆိုသည်။ “ ဒါက ဒေသတွင်း ငြိမ်းချမ်းရေးဖြစ်စဉ်ကို အလုံးစုံ ဖျက်ဆီးပစ်လိုက်တာပဲ။ ပဋိပက္ခအသစ်တွေ ၊ အငြင်းပွားမှုအသစ်တွေ နဲ့မငြိမ်သက်မှုအသစ်တွေ ကို ရှေ့ရှု သွားမှာပါပဲ ” ဟု ၎င်းက ဆိုသည်။

တူရကီနိုင်ငံသမ္မတ အာဒိုဂန် ( Recep Tayyip Erdogan) က ပါလက်စတိုင်း ဝန်ကြီးချုပ် မာမွတ်အက်ဘားစ် နှင့်တယ်လီဖုန်းဆက်သွယ်၍ ဆွေးနွေးခဲ့ကြောင်း ၊ သို့သော် ဆွေးနွေးမှုအသေးစိတ်ကို ထုတ်ပြန်ခဲ့ခြင်းမရှိကြောင်း Bozdag က ဆိုသည်။

ပြီးခဲ့သော သြဂုတ်လက အက်ဘားစ်၏ တူရကီနိုင်ငံခရီးစဉ်အတွင်း အာဒိုဂန်က ပါလက်စတိုင်းကို ထောက်ခံကြောင်း အခိုင်အမာပြသခဲ့သည်။ အာဒိုဂန်က အစ္စရေးနိုင်ငံအစိုးရအား “ ကျူးကျော်ရန်ကြိုးပမ်းနေမှုများ” ကိုအဆုံးသတ်ရန် ပြောကြားခဲ့ပြီး အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခအဆုံးသတ်ရန် နှစ်ပြည်ထောင် အဖြေရှာမှု တစ်ခုတည်းကသာ ဖြစ်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တူရကီနိုင်ငံအနေဖြင့် ပါလက်စတိုင်း၏ တည်ရှိမှုကို အသိအမှတ်ပြုရန် နိုင်ငံတကာ ပလက်ဖောင်းအားလုံးတွင်လည်း ဆက်လက်ကြိုးပမ်းအားထုတ်သွားမည်ဖြစ်ကြောင်း အာဒိုဂန်က ကတိပြုပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.