Connect with us

Europe

ယူကရိန်း အရေး တွင် တိုက်ပွဲ ဖြစ်ပွားနေသည့် နှစ်ဘက်သောအဖွဲ့အစည်း များ မှ ဖေဖော်ဝါရီ ၂၀ ရက်နေ့ မတိုင်မီ လက်နက်ကြီးများအား ဖယ်ရှားရန် သဘောတူညီမှု ရရှိခဲ့

၂၀၁၅ ခုနှစ် အောက်တိုဘာလ ၂ ရက်နေ့က ယူကရိန်း အရေးနှင့် ပတ်သက်၍ ပြင်သစ် နိုင်ငံ တွင် ၄ နိုင်ငံ ထိပ်သီး အစည်းအဝေး ကျင်းပ နေစဉ်(ဆင်ဟွာ)

မင့်ခ် ၊ ဖေဖော်ဝါရီ ၁၆ ရက် (ဆင်ဟွာ)

ယူကရိန်း အရေး သုံးပွင့်ဆိုင် ဆက်သွယ်ရေး အဖွဲ့(ယူကရိန်း ၊ ဥရောပ လုံခြုံရေး နှင့် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့အစည်း ၊ ရုရှား) သည် ဖေဖော်ဝါရီ ၁၅ ရက် က ဘယ်လာရုစ် နိုင်ငံ မြို့တော် Minsk တွင် ပုံမှန် အစည်းအဝေး ကျင်းပပြီးစီး ခဲ့ကာ ယူကရိန်း အရေးတွင် ပါဝင် သည့် နှစ်ဘက်သော အဖွဲ့အစည်း များအနေဖြင့် ထိတွေ့မှုလိုင်း နေရာမှ လက်နက်ကြီးများကို ဖေဖော်ဝါရီ ၂၀ ရက်နေ့ မတိုင်မီ ဖယ်ရှားရန် သဘောတူညီမှု ရရှိခဲ့သည်။

ဘယ်လာရုစ် သတင်းမီဒီယာ များ၏ ဖော်ပြချက်အရ ဥရောပ လုံခြုံရေး နှင့် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့အစည်း အထူးကိုယ်စားလှယ် Sajdik က အစည်းအဝေး အပြီး သတင်းမီဒီယာများ နှင့် တွေ့ဆုံရာတွင် အစည်းအဝေး၌ ထိတွေ့မှုလိုင်းတွင် အလုံးစုံ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ၊ လက်နက်ကြီးများ ဖယ်ရှားရေး နှင့် လုံခြုံရေးဇုံများ သတ်မှတ်ကာ အရပ်ဘက် ပြည်သူနှင့် အရေးကြီး အဆောက်အအုံများ ကာကွယ်ရေး စသည့် တို့ နှင့် ပတ်သက်၍ အလေးထား ဆွေးနွေးခဲ့ကြောင်း ၊ ယူကရိန်း အရေး တွင် တိုက်ပွဲ ဖြစ်ပွားနေသည့် နှစ်ဘက်သောအဖွဲ့အစည်း များ မှ ဖေဖော်ဝါရီ ၂၀ ရက်နေ့ မတိုင်မီ Minsk II သဘောတူညီမှု စာချုပ်တွင် တားမြစ်ထားသည့် လက်နက်ကြီးများအား ဖယ်ရှားရန် သဘောတူညီမှု ရရှိခဲ့ကြောင်း ဖော်ပြခဲ့ကြသည်။

ထို့ပြင် Sajdik က ယူကရိန်း အရေး သုံးပွင့်ဆိုင် ဆက်သွယ်ရေး အဖွဲ့ မှ ဖေဖော်ဝါရီ ၁ ရက်နေ့က အစည်းအဝေး စတင်ကျင်းပ ခဲ့ပြီးနောက်ပိုင်းတွင် ယူကရိန်း နိုင်ငံ အရှေ့ပိုင်း တိုက်ပွဲ ဖြစ်ပွားရာ ဒေသတွင် စစ်ရေး တိုက်ခိုက်မှုများ သိသာစွာလျော့ကျသွားကြောင်း နှင့် နောက်တစ်ကြိမ် တွေ့ဆုံ ဆွေးနွေးမှု ကို မတ်လ ၁ ရက်နေ့ တွင် ပြုလုပ်သွားမည် ကိုလည်း ပြောကြား ခဲ့ကြောင်း သိရှိရသည်။

၂၀၁၄ ခုနှစ် ဧပြီလ တွင် ယူကရိန်း နိုင်ငံ အရှေ့ပိုင်းတွင် စစ်ရေးတိုက်ခိုက်မှုများ စတင်ဖြစ်ပွားခဲ့သည်။ ထို့နှစ် စက်တင်ဘာ လပိုင်းတွင်း ယူကရိန်း အရေး သုံးပွင့်ဆိုင် ဆက်သွယ်ရေး အဖွဲ့ နှင့် ယူကရိန်း နိုင်ငံ အရှေ့ပိုင်း အရပ်ဘက် လက်နက်ကိုင် အဖွဲ့အစည်း ပစ်ခတ်တိုက်ခိုက်မှု ရပ်ဆဲရေး သဘောတူညီမှု ရရှိခဲ့သော်လည်း တိုက်ခိုက်မှုများ ဆက်လက် ဖြစ်ပွား ခဲ့သည်။ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ လတွင် Minsk II သဘောတူညီမှု စာချုပ်ကိုချုပ်ဆိုခဲ့ပြီး ယူကရိန်း နိုင်ငံအရှေ့ပိုင်း ဒေသအုပ်ချုပ်ရေးဆိုင်ရာ စီမံခန့်ခွဲမှုအတွက် သဘောတူညီမှု ရရှိခဲ့သော်လည်း သဘောတူညီချက်ကို ကောင်းမွန်စွာ အကောင်အထည် မဖော်နိုင်ခဲ့ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.