Connect with us

Europe

အီတလီနိုင်ငံ ၏ ဝန်ကြီးဌာန က အပူချိန်မြင့်တက်နိုင်မှု နှင့် ပတ်သက်၍ သတိပေးချက်ထုတ်ပြန်

အီတလီနိုင်ငံ ရှိ အပူဒဏ်ကာကွယ်နေသူတစ်ချို့ အားတွေ့ရစဉ် (ဆင်ဟွာ)

ရောမ၊ ဇွန် ၂၇ ရက် (ဆင်ဟွာ)

အီတလီနိုင်ငံတွင် ဇွန် ၂၇ ရက်၌ မြို့ကြီး ၆မြို့ နှင့် ဇွန် ၂၈ ရက် ၌ မြို့ကြီး ၁၆မြို့တို့တွင် အပူချိန်လွန်ကဲနိုင်ကြောင်း အီတလီနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန က အပူချိန်သတိပေးချက်ထုတ်ပြန်ခဲ့သည်။

အဆိုပါအခြေအနေသည် လူအားလုံးအတွက် အန္တရာယ်များသည့် အဆင့်တွင် ပို၍အလွယ်တကူထိခိုက်နိုင်ကြောင်းဝန်ကြီးဌာနသတိပေးချက်ကဆိုသည်။

၂၀၀၃ ခုနှစ် အပူလှိုင်းရိုက်ခတ်စဉ်တွင် အမြင့်ဆုံးစံချိန်တင်ခဲ့သည့် အပူချိန်ထက် ပို၍ အပူချိန်ပိုမိုမြင့်တက်ခဲ့ကြောင်း ရာသီဥတုခန့်မှန်းသူများက တွေ့ရှိခဲ့သည်။ အပူချိန်မြင့်တက်မှုသည် ် မြို့ကြီးများတွင် အပူချိန် ၄၀ဒီဂရီဆယ်လ်ဆီးယက်လောက်အထိ ရှိနိုင်ကြောင်း ၎င်းကဆိုသည်။

Bolzano၊ Brescia၊ Florence၊ Perugia၊ Rieti နှင့် Rome မြို့များတွင် ဇွန်၂၆ ရက် အတွက် သတိပေးချက်ထုတ်ပြန်ထဲ့သည်။

ပြည်သူများ အနေဖြင့် နေ့လည် ၁၁ နာရီ မှ ညနေ ၆ နာရီ အတွင်း နေရောင်ကိုရှောင်ရှားသင့်ကြောင်း ၊ ပြင်ပတွင် ရုပ်ပိုင်းဆိုင်ရာလေ့ကျင့်ခန်းများလုပ်ခြင်းကိုရှောင်ရှားသင့်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ကပြောကြားခဲ့သည်။ ထို့ပြင် ရည်များများသောက်သင့်ကြောင်း၊ အစားအစာပေါ့ပေါ့ပါးပါးစားသင့်ကြောင်း၊ မိမိကိုယ်ကိုကာကွယ်ရန် သင့်တော်သော ဆေးဝါးသုံးစွဲသင့်ကြောင်း နှင့် လေအေးပေးစက်အား မှန်ကန်စွာမှန်ကန်စွာသုံးစွဲသင့်ကြောင်းလည်းဝန်ကြီးဌာနသတိပေးချက်ကဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.