Connect with us

Europe

ဗြိတိန်ဝန်ကြီးချုပ် နှင့် အစ္စရေးဝန်ကြီးချုပ်တို့လန်ဒန်မြို့၌ တွေ့ဆုံဆွေးနွေး

အစ္စရေးနိုင်ငံဝန်ကြီးချုပ် နှင့် ဗြိတိန်နိုင်ငံဝန်ကြီးချုပ် ထရီဇာမေတို့ အားတွေ့ ရစဉ် (ဆင်ဟွာ)

လန်ဒန် ၊ ဖေဖော်ဝါရီ ၇ ရက် (ဆင်ဟွာ)

ဗြိတိန်နိုင်ငံဝန်ကြီးချုပ် ထရီဇာမေ သည် အစ္စရေးနိုင်ငံဝန်ကြီးချုပ် ဘင်ဂျမင်နက်တန်ယာဟု အား အမှတ် ၁ဝ ၊ ဒေါင်းနင်းလမ်းရှိ ဗြိတိသျှဝန်ကြီးချုပ်နေအိမ်၌ ဖေဖော်ဝါရီလ ၆ ရက်က လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။ အဆိုပါ ခေါင်းဆောင် နှစ်ဦးသည် ယခင်က မျက်နှာချင်းဆိုင် တစ်ကြိမ်တစ်ခါမျှ တွေ့ဆုံဖူးခြင်း မရှိသေးကြောင်း သိရသည်။

၎င်းတို့နှစ်ဦးသည် ဥရောပသမဂ္ဂမှ ဗြိတိန်နိုင်ငံထွက်သွားပြီးနောက်တွင် ဗြိတိန် နှင့် အစ္စရေး နှစ်နိုင်ငံကြား နှစ်ဖက် ပုံမှန် ကုန်သွယ်မှုဆက်ဆံရေးတိုးတက်ခိုင်မာစေရန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အနောက်ဘက်ကမ်းခြေဒေသ၌ အစ္စရေးနိုင်ငံက အခြေချနေထိုင်ရန် အိမ်ယာသစ်များ တည်ဆောက်နေခြင်းအပေါ် ဗြိတိန်နိုင်ငံက စိုးရိမ်ပူပန်ကြောင်း ဝန်ကြီးချုပ်မေက ပြောကြားခဲ့သည်။

နှစ်နိုင်ငံခေါင်းဆောင်တို့သည် အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအပါအဝင် နိုင်ငံတကာအရေးကိစ္စရပ်များ နှင့် လုံခြုံရေး အကြောင်းများကို ဆွေးနွေးခဲ့ကြကြောင်း အမှတ် ၁ဝ ဒေါင်းနင်းလမ်း ၏ တရားဝင်ပြောရေးဆိုခွင့်ရှိသူ က ဆိုသည်။

ဗြိတိန်နိုင်ငံ အတိုက်အခံ လေဘာပါတီခေါင်းဆောင် Jeremy Corbyn က ပါလက်စတိုင်းမြေပေါ်တွင် အိမ်ယာများတည်ဆောက်နေခြင်းကိစ္စအပေါ် နက်တန်ယာဟု အားပြောဆိုရန် ဝန်ကြီးချုပ်မေထံ တိုက်တွန်းခဲ့ကြောင်း သိရသည်။

အမှတ် ၁ဝ ဒေါင်းနင်းလမ်း၌ သီးသန့်တွေ့ဆုံဆွေးနွေးမှုအပြီးတွင် နှစ်နိုင်ငံခေါင်းဆောင်တို့သည် တရားဝင် သတင်းထုတ်ပြန်သွားရန်ရှိသည်ဟု မျှော်လင့်ရကြောင်း ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.