Connect with us

Europe

ပြင်သစ်ရဲတပ်ဖွဲ့ဝင် တစ်ဦးအား အမျိုးသားတစ်ဦးက တူဖြင့် တိုက်ခိုက်

တူဖြင့် တိုက်ခိုက်မှုဖြစ်ပွားခဲ့သည့် Notre-Dame ဘုရားကျောင်း အပြင်ဘက်၌ ရဲတပ်ဖွဲ့ဝင်များ စောင့်ကြပ်နေစဉ် (ဆင်ဟွာ)

ပါရီ၊ ဇွန် ၇ ရက် (ဆင်ဟွာ)

ပြင်သစ်နိုင်ငံ Notre-Dame ဘုရားကျောင်း အပြင်ဘက်၌ ဇွန်လ ၆ ရက်တွင် အမျိုးသားတစ်ဦးက တူဖြင့် တိုက်ခိုက်ခဲ့ရာ ရဲတပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပါရီရဲတပ်ဖွဲ့က ဇွန်လ ၆ ရက်တွင်ပြောကြားခဲ့သည်။

ပါရီရဲတပ်ဖွဲ့က “အခြေအနေတွေကို ထိန်းချုပ်နိုင်ခဲ့ပါပြီ။ ရဲတပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံသို့ ပို့ဆောင်ပေးထားပါတယ်” ဟု တွစ်တာ၌ ရေးသားခဲ့သည်။

ရန်လိုနေသော အမျိုးသားသည် အသက် ၄၀ နှစ်အရွယ် အယ်လ်ဂျီးရီးယား ကျောင်းသားတစ်ဦး ဖြစ်ပြီး ပြင်သစ် Val d’Oise အိမ်ရာတွင် နေထိုင်သူတစ်ဦးဖြစ်ကြောင်း ပြင်သစ်ရုပ်သံလိုင်း BFMTV ကဖော်ပြခဲ့သည်။

ပြင်သစ်ပြည်ထဲရေးဝန်ကြီး Gerard Collomb က တရားခံသည် တူတစ်ချောင်း နှင့် မီးဖိုချောင်သုံး ဓားတစ်ချောင်း ယူဆောင်လာပြီး “ဆီးရီးယား အတွက်” ဟု ကြွေးကြော်ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သတင်းထောက်များအားပြောကြားခဲ့သည်။

Notre-Dame De ပါရီဘုရားကျောင်း တည်ရှိရာ ပါရီမြို့ စည်ပင်သာယာနယ်မြေ အမှတ်(၄) ၏ မြို့တော်ဝန် Christophe Girard က ရဲတပ်ဖွဲ့သည် လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်နိုင်ခဲ့ကြောင်း ရုပ်သံလိုင်း နှင့် အင်တာဗျူးတစ်ခု၌ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.