Connect with us

Europe

ဘယ်လ်ဂျီယမ် ၏ လက်ထပ်နှစ် အကြာဆုံး ဇနီးမောင်နှံ တစ်ရက်တည်း ကွယ်လွန်

အသက် ၁၀၁ နှစ်အရွယ် Maurice Weewauters နှင့် အသက် ၉၆ နှစ်အရွယ် Victroine De Kerpel တို့အားတွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဘရပ်ဆဲလ်၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ)

ဘယ်လ်ဂျီယမ် ၏ လက်ထပ်နှစ် အကြာဆုံး ဇနီးမောင်နှံ စုံတွဲသည် ၎င်းတို့၏ ၇၇ နှစ်မြောက် မင်္ဂလာ နှစ်ပတ်လည် အခမ်းအနား ကျင်းပပြီး ငါးရက်အကြာ ဇူလိုင်လ ၁၇ ရက်တွင် ရှေ့ဆင့်နောက်ဆင့် ကွယ်လွန်ခဲ့ကြကြောင်း ပြည်တွင်း မီဒီယာများက ဖော်ပြခဲ့သည်။

အသက် ၁၀၁ နှစ်အရွယ် Maurice Weewauters နှင့် အသက် ၉၆ နှစ်အရွယ် Victroine De Kerpel တို့ ဇနီးမောင်နှံ နှစ်ဦးသည် ဘယ်လ်ဂျီယံနိုင်ငံ Flemish ဒေသတွင် ၁၉၃၉ ခုနှစ် ကတည်းက အတူတကွ ပေါင်းသင်း နေထိုင်ခဲ့ကြပြီး ဇူလိုင်လ ၁၂ ရက်တွင် ၎င်းတို့၏ ၇၇ နှစ်မြောက် မင်္ဂလာ နှစ်ပတ်လည် အခမ်းအနားကို ဘယ်လ်ဂျီယံ နိုင်ငံ အနောက်မြောက်ပိုင်း Ghent မြို့ အနီး Zeveneken ရွာရှိ ဘိုးဘွားရိပ်သာ တစ်ခုတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနား ကျင်းပပြီး ငါးရက်အကြာတွင် ဇနီးဖြစ်သူ Victorine အရင် ကွယ်လွန်ခဲ့ပြီး နာရီပိုင်း အကြာတွင် ခင်ပွန်းသည် Maurice Weewauters လည်း ကွယ်လွန်ခဲ့ကြောင်း သိရသည်။
Maurice နှင့် Victorine တို့သည် Qudenbos မြို့တွင် ချည်မျှင်စက်ရုံ တစ်ခု၌ အတူတူ အလုပ်လုပ်စဉ် တွေ့ဆုံခဲ့ကြခြင်း ဖြစ်သည်။ ဒုတိယ ကမ္ဘာစစ်အတွင်း Maurice သည် ဇနီးနှင့် သမီးကို ထားခဲ့၍ စစ်တပ်ထဲသို့ ဝင်ရောက်သွားကာ စစ်ပြီးကာလတွင် သားဖြစ်သူ Roger ကို မွေးဖွားခဲ့ကြောင်း သိရသည်။
ဘယ်လ်ဂျီယံ သတင်းစာ Het Laatste Nieuws ၏ ဖော်ပြချက်အရ Victorine သည် အသက် ၈၀ ကတည်းက မျက်စိနှစ်လုံး အမြင်ဆုံးရှုံးခဲ့သော်လည်း Maurice မှာ မကွယ်လွန်ခင် အထိ အချို့ကိစ္စများကို ကိုယ်တိုင် ဆောင်ရွက်နိုင်သေးကြောင်း ၎င်း၏ သားဖြစ်သူ Roger က ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.