Connect with us

Europe

စပိန်နိုင်ငံတွင် နိုင်ငံတကာမှ ကျောင်းသားများပါဝင်လာသည့် ဘတ်စ်ကားတိမ်းမှောက်မှုကြောင့် ကျောင်းသား ၁၃ ဦးသေဆုံး၊ ၂၃ ဦးဒဏ်ရာရရှိ

စပိန်နိုင်ငံ အရှေ့မြောက်ပိုင်းတွင် ကျောင်းသားကျောင်းသူများ တင်ဆောင်လာသည့် ဘတ်စ်ကား တိမ်းမှောက်ခဲ့သည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဘာစီလိုနာ၊ မတ် ၂၁ ရက် (ဆင်ဟွာ)

စပိန်နိုင်ငံ အရှေ့မြောက်ပိုင်းတွင် မတ်လ ၂၀ ရက်က ဘတ်စ်ကား တစ်စီးတိမ်းမှောက်မ ှုဖြစ်ပွားခဲ့ပြီး အနည်းဆုံး ၁၃ ဦး သေဆုံးကာ ၂၃ဦးအား ဆေးရုံသို့ပို့ဆောင်ခဲ့ပြီး ၎င်းတို့အနက် သုံးဦးမှာ စိုးရိမ်ဖွယ် အခြေအနေ၌ ရှိနေကြောင်း သိရသည်။

Catalonia ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၏ ပြည်ထဲရေးဝန်ကြီး Jordi Jane ၏ နောက်ဆုံး လေ့လာဆန်းစစ်ချက် များအရ စပိန်နိုင်ငံ အရှေ့မြောက်ပိုင်း Catalonia ဒေသ၊ Tarragona ပြည်နယ်၊ Freginals မြို့တွင် ဖြစ်ပွားခဲ့ သည့် ယာဉ်တိမ်းမှောက်မှုတွင် သေဆုံးခဲ့သူ ၁၃ ဦးသည် နိုင်ငံခြားသား ကျောင်းသူများဖြစ်ပြီး ယင်းမတော်တဆမှု အား စုစုပေါင်း လူ ၆၃ ဦး ကြုံတွေ့ခံစားခဲ့ရကြောင်း သိရသည်။

ဘတ်စ်ကားပေါ်၌ လိုက်ပါလာသူ ခရီးသည်အများစုသည် အာရှ၊ ဥရောပ၊ တောင်အမေရိက၊ အရှေ့ အလယ်ပိုင်း ဒေသနှင့် ပစိဖိတ်ဒေသ ရှိ နိုင်ငံပေါင်း ၁၉ နိုင်ငံမှ အသက် ၂၁ နှစ် မှ ၂၉နှစ် ကြားရှိကျောင်းသား၊ ကျောင်းသူများ ဖြစ်ကြောင်း သိရသည်။

ခရီးသည် ၆၁ ဦး တင်ဆောင်လာသည့် ယင်းဘတ်စ်ကားသည် ဒေသစံတော်ချိန် နံနက် ၆ နာရီတွင် AP-7 အဝေးပြေးလမ်းမပေါ်၌ မော်တော်ကားတစ်စီး နှင့် တိုက်မိကာ တိမ်းမှောက်ခဲ့ရခြင်း ဖြစ်ပြီး မော်တော်ကား ပေါ်လိုက်ပါလာသူ လူနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

စုံစမ်းစစ်ဆေးချက်များအရ အဆိုပါယာဉ်တိုက်မှုသည် ယာဉ်မောင်း အိပ်ငိုက်သွားခြင်းကြောင့် ဖြစ်ပွားခဲ့ရ ကြောင်း သိရသည်။

မတ်လ ၁၉ ရက်တွင် ဖြစ်ပွားခဲ့သည့် ယာဉ်တိုက်မှုသည် ၂၀၀၀ခုနှစ် ဇူလိုင် ၆ ရက် စပိန်၌ ဖြစ်ပွားခဲ့သော ၂၈ ဦးသေဆုံးကာ ၁၃ ဦး ဒဏ်ရာရရှိခဲ့သည့် ဘတ်စ်ကား နှင့် ထရပ်ကားတစ်စီးတိုက်မိမှု ပြီးနောက် အဆိုးရွားဆုံးသော ယာဉ်တိုက်မှု တစ်ခုဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.