Connect with us

Europe

မင့်စ်သဘောတူညီချက်၊ ဆီးရီးယားအရေးကိစ္စများ နှင့်ပတ်သက်၍ ဟော်လန်ဒီ၊ မာကယ် နှင့် ပူတင်တို့ ဖုန်းဖြင့်ဆွေးနွေး

ဂျာမနီနိုင်ငံ ဝန်ကြီးချုပ် မာကယ် (ဘယ်)၊ ရုရှားနိုင်ငံ သမ္မတ ပူတင် (လယ်) နှင့် ပြင်သစ်နိုင်ငံ သမ္မတ ဟော်လန်ဒီ (ညာ) တို့အား သုံးပွင့်ဆိုင်ဆွေးနွေးပွဲတစ်ခု၌တွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ပါရီ၊ ဇန်နဝါရီ ၁၉ ရက် (ဆင်ဟွာ)

ပြင်သစ်နိုင်ငံ၊ ဂျာမနီနိုင်ငံ နှင့် ရုရှားနိုင်ငံ ခေါင်းဆောင်များသည် အက်စတာနာမြို့တွင် ပြုလုပ်မည့် ဆီးရီးယားနိုင်ငံတွင်းပဋိပက္ခဆွေးနွေးပွဲများ အကြောင်းများအပြင် ယူကရိန်းအရှေ့ပိုင်း အခြေအနေ၊ မင့်စ်သဘောတူညီချက် ပြီးမြောက်အောင်ဆောင်ရွက်ခြင်းအတွက် တယ်လီဖုန်းဖြင့် ဇန်နဝါရီ ၁၈ရက်က ပြောဆိုဆွေးနွေးခဲ့ကြောင်း ပြင်သစ်သမ္မတရုံးက ထုတ်ပြန်ခဲ့သည်။

ပြင်သစ်နိုင်ငံ သမ္မတ ဖရန်ဆွာ ဟော်လန်ဒီ က ယူကရိန်းပဋိပက္ခ ငြိမ်းချမ်းစွာ ပြီးဆုံးခြင်းအတွက် တစ်ခုသော နည်းလမ်းဖြစ်သည့် မင့်စ်သဘောတူညီချက်အား ပြီးမြောက်အောင်အကောင်အထည်ဖော်ရေး တောင်းဆိုခဲ့သည်။

ဟော်လန်ဒီက ရုရှားနိုင်ငံ နှင့် ယူကရိန်းနိုင်ငံတို့သည် အကျဉ်းသားများလွှတ်ပေးခြင်း နှင့် ရေထောက်ပံ့မှု ပြန်လည်လုပ်ဆောင်ခြင်းတို့အပါအဝင် လူသားချင်းစာနာထောက်ထားမှု လုပ်ဆောင်ချက်များနှင့် ကိုက်ညီစေမည့် လိုအပ်သော အားထုတ်မှုများ မဖြစ်မနေ ဆောင်ရွက်ရမည်ဖြစ်ကြောင်း တိုက်တွန်းပြောဆိုခဲ့သည်။

ဆီးရီးယားနိုင်ငံရေးရာ ငြိမ်းချမ်းရေး ဆွေးနွေးမှု၌ ဟော်လန်ဒီ က အတိုက်အခံများ၏ ကိုယ်စားပြုတင်ပြမှုတစ်ခု ပြုလုပ်ရန် တောင်းဆိုခဲ့ပြီး ၂၀၁၆ခုနှစ် ဒီဇင်ဘာလကုန်တွင် ပြုလုပ်ခဲ့သည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အား လေးစားရန်လည်းပြောဆိုခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.