Connect with us

Europe

အီတလီ နိုင်ငံ အလယ်ပိုင်းတွင် ငလျင် အကြိမ်ကြိမ် လှုပ်ခတ် ခဲ့ပြီး ၁ ဦးသေဆုံးကာ ၄ ဦး ပျောက်ဆုံး နေကြောင်း သိရှိရ

ငလျင် ဖြစ်ပွား ခဲ့သည့် အီတလီ နိုင်ငံ အလယ်ပိုင်း ဒေသ အား google map မှ မြင်တွေ့ရစဉ် (ဓာတ်ပုံ-google map)

ရိုးမား ၊ ဇန်နဝါရီ ၁၉ ရက် (ဆင်ဟွာ)

အီတလီ နိုင်ငံ အလယ်ပိုင်း ဒေသတွင် ဇန်နဝါရီ ၁၈ ရက်နေ့က ရစ်ချ်တာ စကေး ၅ အထက် ရှိ ငလျင် ၄ ကြိမ် လှုပ်ခတ် ခဲ့ပြီး လက်ရှိချိန်ထိ ၁ ဦးသေဆုံးကာ ၄ ဦးပျောက်ဆုံးနေကြောင်း မီဒီယာ ဖော်ပြချက်များအရ သိရှိရသည်။

အီတလီ ပြည်သူ့ကာကွယ်ရေး ဌာန နှင့် အခြား ဌာန များ၏ ဖော်ပြချက်အရ သေဆုံးခဲ့သူမှာ အသက် ၈၃ နှစ်အရွယ် အဖိုးအို တစ်ဦး ဖြစ်ခဲ့ပြီး ပျောက်ဆုံးနေသော ၄ ဦး အနက် တစ်ဦး သည် မြေလွှာ ပြိုကျမှု ကြောင့် ဖုံးလွှမ်းခံရခြင်းဖြစ်နိုင်ပြီး ကျန် ၃ ဦးသည် နှင်းများ ဖုံးလွှမ်းမှုခံရခြင်း ဖြစ်နိုင်ကြောင်း ဖော်ပြခဲ့သည်။

အီတလီ နိုင်ငံ ဘူမိရူပ နှင့် မီးတောင် သုတေသန ဌာန ၏ ထုတ်ပြန်ချက်အရ ဒေသတွင်း စံတော်ချိန် ဇန်နဝါရီ ၁၈ ရက်နေ့ ၁၀ နာရီ ၂၅ မိနစ်တွင် ပြင်းအား ၅.၃ ရှိငလျင် ၊ ၁၁ နာရီ ၁၄ မိနစ် ၊ ၂၅ မိနစ် နှင့် ၃၃ မိနစ် တို့တွင် ပြင်းအား ၅.၄ ၊ ၅.၃ နှင့် ၅.၁ ရှိ ငလျင်များ အသီးသီး လှုပ်ခတ် ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

အီတလီ နိုင်ငံ ဘူမိရူပ နှင့် မီးတောင် သုတေသန ဌာန ၏ ပညာရှင် မှ နာရီ အနည်းငယ် အတွင်း ရစ်ချ်တာ စကေး ၅ အထက် ရှိ ငလျင် ၄ ကြိမ် ဆက်တိုက် လှုပ်ခတ်ခြင်းသည် ဖြစ်စဉ် အသစ် တစ်ခု ဖြစ်ပြီး သမိုင်းတွင် တစ်ကြိမ် မှ ဤကဲ့သို့ ဖြစ်ပွားခြင်း မရှိခဲ့ကြောင်း ပြောကြား ခဲ့သည်။

အီတလီ ပြည်ထဲရေး ဝန်ကြီးဌာန က လက်ရှိချိန်တွင် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် အတွက် မီးတပ် ဝန်ထမ်း ၈၅၀ ဦးကို ချထားခဲ့ပြီး စစ်တပ် မှလည်း ငလျင် ဖြစ်ပွားရာ ဒေသ သို့ သွားရောက် နေပြီ ဖြစ်ကြောင်း ပြောကြား ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.