Connect with us

Europe

ဘက်ကင်ဟမ်နန်းတော် အပြင်ဘက်ရှိ ရဲဝန်ထမ်းအား တိုက်ခိုက်သည့် အမျိုးသား တစ်ဦး ဖမ်းခံရ

ဘက်ကင်ဟမ်နန်းတော် အပြင်ဘက်တွင် ရဲတပ်ဖွဲ့ဝင်များက လုံခြုံရေးတာဝန်ယူထားသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

လန်ဒန်၊ သြဂုတ် ၂၆ ရက် (ဆင်ဟွာ)

လန်ဒန်မြို့လယ်ရှိ ဘက်ကင်ဟမ်နန်းတော် အပြင်ဘက်ရှိ ရဲတပ်ဖွဲ့ဝင်အား တိုက်ခိုက် စော်ကားသည်ဟု မသင်္ကာမှုဖြင့် အမျိုးသား တစ်ဦးအား သြဂုတ်လ ၂၅ ရက်က ဖမ်းဆီးခဲ့ကြောင်း မြို့တော် ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

အဆိုပါ အမျိုးသားအား ထိန်းသိမ်းရန် ကြိုးပမ်းနေစဉ် ရဲတပ်ဖွဲ့ဝင် နှစ်ဦး ဒဏ်ရာ အနည်းငယ် ရရှိခဲ့ကြောင်း လန်ဒန် ရဲတပ်ဖွဲ့က ဆိုသည်။

ယင်း တိုက်ခိုက်မှုနှင့် ပတ်သက်၍ အခြားသူများ ထိခိုက်မှု မရှိခဲ့ပေ။ တိုက်ခိုက်မှု ဖြစ်စဉ်အား တာဝန်ရှိသူများက စစ်ဆေးနေဆဲ ဖြစ်ကြောင်းနှင့် ဘက်ကင်ဟမ်နန်းတော်အား ပိတ်ထားကြောင်း သိရသည်။

ဘက်ကင်ဟမ်နန်းတော်သည် ဘုရင်မကြီး၏ လန်ဒန် အိမ်တော်နှင့် အုပ်ချုပ်ရေး ရုံးချုပ်များ တည်ရှိရာ နေရာလည်း ဖြစ်သည်။

ဝက်မင်စတာမြို့တွင် တည်ရှိသော ဘက်ကင်ဟမ်နန်းတော်၌ နိုင်ငံတော် အခမ်းအနားများနှင့် တော်ဝင် ဧည့်ခံပွဲများ မကြာခဏ ကျင်းပလေ့ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.