Connect with us

Europe

မန်ယူ အသင်းသည် ကိုယ်ပိုင်အကြမ်းဖက်မှုတိုက်ဖျက်ရေးအကြီးအကဲတစ်ဦးကို ခန့်အပ်ထားရှိသည့် ပထမဆုံး အင်္ဂလန်ကလပ်အသင်းဖြစ်လာ

မန်ချက်စတာယူနိုက်တက် ဘောလုံးကလပ်အသင်းအားတွေ့ ရစဉ် (ဆင်ဟွာ)

လန်ဒန် ၊ ဇန်နဝါရီ ၁၉ ရက် (ဆင်ဟွာ)

မန်ချက်စတာယူနိုက်တက်အသင်းသည် ကိုယ်ပိုင်အကြမ်းဖက်မှုတိုက်ဖျက်ရေးအကြီးအကဲတစ်ဦးကို ခန့်အပ်ထားရှိသည့် ပထမဆုံး အင်္ဂလန်ကလပ်အသင်းဖြစ်လာကြောင်း ဇန်နဝါရီလ ၁၈ ရက်တွင် အတည်ပြုထုတ်ပြန်ခဲ့သည်။

ရဲအရာရှိ(ဟောင်း) တစ်ဦးအား အိုထရက်ဖို့ဒ်ကွင်း၏ အချိန်ပြည့် အကြမ်းဖက်မှုတိုက်ဖျက်ရေး အကြီးအကဲအဖြစ် ကလပ်အသင်းက ခန့်အပ်ခဲ့ခြင်းဖြစ်သည်။

မန်ချက်စတာအသင်းအားပေးထောက်ခံသူများအဖွဲ့၏ အသေးစိတ်တွေ့ဆုံဆွေးနွေးမှုများအပြီးတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးအကြီးအကဲတစ်ဦးကို ခန့်အပ်ရန် အတည်ပြုခဲ့ခြင်းဖြစ်ကြောင်း ကလပ်အသင်းတာဝန်ရှိသူများက ပြောကြားခဲ့သည်ဟု မန်ချက်စတာညနေပိုင်းသတင်းစာ(MEN) က ရေးသားဖော်ပြသည်။

လက်ရှိတာဝန်ထမ်းဆောင်လျက်ရှိသော မန်ချက်စတာမြို့ရဲတပ်ဖွဲ့မှ ရဲစုံစမ်းစစ်ဆေးရေးမှူး(ဟောင်း) တစ်ဦးဖြစ်သူကို လက်ရှိ ကလပ်အသင်း လုံခြုံရေးအဖွဲ့ဝင်များနှင့်အတူ ပူးတွဲ လုပ်ကိုင်စေမည်ဖြစ်ကြောင်း ၊ ၎င်းအနေဖြင့် အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေးကို အာရုံစူးစိုက်ရမည်ဖြစ်ကြောင်း နှင့် အထွေထွေလုံခြုံရေးကို တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း သိရသည်။

၂ဝ၁၅ ခုနှစ် နိုဝင်ဘာလက ပြင်သစ်နိုင်ငံ Stade de France အားကစားကွင်းပြင်ပ၌ အသေခံဗုံးခွဲတိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးနောက်တွင် အားကစားကွင်းများသည် အကြမ်းဖက်မှုအန္တရာယ်မြင့်မားနေသည်ကို ရည်ညွှန်းနေကြောင်း နှင့် အကြမ်းဖက်တိုက်ခိုက်မှုသည် ကမ္ဘာ လုံးဆိုင်ရာခြိမ်းခြောက်မှုဖြစ်နေခြင်းကို တုံ့ပြန်သွားရန်အတွက် ကလပ်အသင်းက ကိုယ်ပိုင်အကြမ်းဖက်မှုတိုက်ဖျက်ရေးအကြီးအကဲတစ်ဦးကို ခန့်အပ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းစာက ဆိုသည်။

“ အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေးဟာ ကလပ်အသင်းထဲမှာ လပေါင်း အတန်ကြာ လုပ်ဆောင်သွားရပါမယ်။ သူ့နာမည်ကိုတော့ ထုတ်ဖော်ပြောကြားမှာမဟုတ်ပါဘူး။ ဒါပေမယ့် အားကစားကွင်းပတ်ပတ်လည်မှာ လုံခြုံရေးအစီအမံတွေ တိုးမြှင့်ဖို့က သူ့ရဲ့ တာဝန်ဝတ္တရားပါပဲ” ဟု MEN သတင်းစာက ဆက်လက်ရေးသားထားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.