Connect with us

Europe

ပေါ်တူဂီတွင် တောမီးလောင်မှုကြောင့် သေဆုံးသူ ၃၆ဦးရှိလာ

ပေါ်တူဂီတွင် တောမီးလောင်မှုကြောင့် ကားများမီးလောင်ပျက်စီးသွားပုံ (ဆင်ဟွာ)

လစ္စဘွန်း၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ)

ပေါ်တူဂီနိုင်ငံတွင် လတ်တလော ဖြစ်ပွားခဲ့သည့်တောမီးလောင်မှုများကြောင့် သေဆုံးသူ ဦးရေသည် ၃၆ဦးအထိမြင့်တက်လာပြီး သေဆုံးသူ ထပ်မံမြင့်တက်လာနိုင်မည်ဟု မျှော်လင့်ရကြောင်း အမျိုးသားပြည်သူ့ကာကွယ်ရေးအာဏာပိုင်အဖွဲ့ (ANPC) က အောက်တိုဘာ ၁၆ ရက်တွင်ပြောကြားခဲ့သည်။

ပေါ်တူဂီနိုင်ငံအနှံ့အပြားတွင် အောက်တိုဘာ ၁၅ ရက်နေ့က တောမီးလောင်ကျွမ်းမှု ၅၂၃ခုဖြစ်ပွားခဲ့ပြီး ၎င်းတို့အနက် အဆိုးဆုံးလောင်ကျွမ်းမှုများသည် နိုင်ငံမြောက်ပိုင်း နှင့် အလယ်ပိုင်းတွင် အဓိက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

သေဆုံးသူ ၃၆ဦးသည် Coimbra, Aveiro, Castelo Branco နှင့် Viseu ခရိုင်များတွင် ဖြစ်ပွားခဲ့သည့် တောမီးလောင်မှုများကြောင့် သေဆုံးခဲ့ခြင်းဖြစ်ပြီး လူ ၇ဦးပျောက်ဆုံးနေကာ လူ ၅၆ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နှင့် လူ ၁၆ဦးမှာ အခြေအနေစိုးရိမ်ရကြောင်း ANPC ကပြောကြားခဲ့သည်။

မီးသတ်သမားများသည် တောမီးလောင်မှုအား နောက်ဆုံးအခြေအနေအထိ ထိန်းချုပ်နိုင်ရန် အဆက်မပြတ် ကြိုးစားနေကြောင်း သိရသည်။

ဇွန်လတွင်လည်း ပေါ်တူဂီနိုင်ငံ အလယ်ပိုင်း Pedrogao Grande ဧရိယာ၌ တောမီးလောင်မှုကြောင့် လူ ၆၄ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ပေါ်တူဂီအစိုးရသည် ယခင်ဖြစ်ပွားခဲ့သော သဘာဝဘေးအန္တရာယ်ဖြစ်ရပ်များကို လေ့လာပြီး ပြင်ဆင်ရန် ပျက်ကွက်ခဲ့သည့်အတွက် စွပ်စွဲပြစ်တင်မှုများနှင့် ရင်ဆိုင်နေရကာ ပြည်ထဲရေးဝန်ကြီးအား တာဝန်မှ နှုတ်ထွက်ရန် တောင်းဆိုမှုများရှိနေကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.