Connect with us

Europe

မြေထဲပင်လယ်ကို ကူးဖြတ်စဉ် ရွှေ့ပြောင်းအခြေချသူ ၇ဝဝ ခန့်သေဆုံးကြောင်း ကုလသမဂ္ဂ ပြော

မြေထဲပင်လယ်၌ စက်လှေတိမ်းမှောက်ရာတွင် ပါဝင်သွားသူများအား ကယ်ဆယ်ရေးလုပ်သားများက ကယ်ဆယ်နေစဉ် (ဆင်ဟွာ)

ရိုမား၊ မေ ၃ဝ ရက် (ဆင်ဟွာ)

ယခုတစ်ပတ်ထဲတွင် မြေထဲပင်လယ် တောင်ပိုင်း၌ ဖြစ်ပွားခဲ့သော စက်လှေတိမ်းမှောက်မှု သုံးကြိမ်အတွင်း ရွှေ့ပြောင်းအခြေချသူများ ၇ဝဝ ကျော် နှင့် စစ်ပြေး ဒုက္ခသည်များ သေဆုံးသွားကြောင်း ကုလသမဂ္ဂ ဒုက္ခသည် အေဂျင်စီ ( UNCHR ) နှင့် အီတလီနိုင်ငံ ၌ ပရဟိတ လုပ်ငန်းများ ဆောင်ရွက်နေသည့် အဖွဲ့များက မေလ ၂၉ ရက်တွင် ပြောကြားသည်။

လစ်ဗျားနိုင်ငံ ကမ်းရိုးတမ်း၌ မေလ ၂၆ ရက်ကဖြစ်ပွားခဲ့သော စက်လှေ တိမ်းမှောက်မှုတွင် လူအသေ အပျောက်အများဆုံး ဖြစ်ခဲ့ရပြီး ရွှေ့ပြောင်းလုပ်သား ၅ဝဝ ကျော်အထိ သေဆုံးသွားကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး ပြောခွင့်ရပုဂ္ဂိုလ် Carlotta Sami က ၎င်း၏ တွစ်တာ လူမှုကွန်ယက် စာမျက်နှာတွင် ရေးသားဖော်ပြထားသည်။ ၎င်းရွှေ ့ပြောင်းအခြေချသူများသည် လစ်ဗျားနိုင်ငံ Sabratha ဆိပ်ကမ်းမှ ငါးဖက်စက်လှေနှစ်စင်း နှင့် ရော်ဘာ လှေငယ်တစ်စင်းဖြင့် ထွက်ခွာလာကြသူများ ဖြစ်ကြောင်း စစ်စလီကျွန်း Pozzallo ရှိ Save the Children အဖွဲ့ကပြောသည်။
“လူ ၅ဝဝ လောက်တင်ထားတဲ့ ပထမငါးဖမ်းလှေက လူ ၄ဝဝ ကျော်လောက် တင်ထားတဲ့ ဒုတိယလှေကို ဆွဲလာတာပါ ” ဟု စစ်စလီကျွန်းရှိ Save the children အဖွဲ့ပြောခွင့်ရ Giovannna က ပြောသည်။ တတိယ ရော်ဘာလှေငယ်ပေါ်တွင် အနည်းဆုံး လူ ၁ဝဝ ကျော်လိုက်ပါလာကြောင်း သိရသည်။
ယခု ဖြစ်စဉ်အတွက် ဆူဒန်လူမျိုး တစ်ဦး နှင့် အခြားလူသုံးဦးအား လူကုန်ကူးမှုဖြင့် ဖမ်းဆီးထားကြောင်း အီတလီ သတင်းမီဒီယာများက ရေးသားဖော်ပြသည်။ လှေတိမ်းမှောက်မှုတွင် အမျိုးသမီးများ နှင့် အနည်းဆုံး လူမမယ်အရွယ်ကလေးငယ် ၄ဝ ကျော် ပါဝင်ကြောင်း ၊ မေလ ၂၅ ရက်က ဖြစ်ပွားခဲ့သော အခြားလှေတိမ်းမှောက်မှုတွင် ရွှေ့ပြောင်းအခြေချသူ ၁၁ဝ ဦး နှင့် စစ်ပြေး ဒုက္ခသည်များ ပျောက်ဆုံးနေကြောင်း Ansa သတင်းအေဂျင်စီက ရေးသားထားသည်။
လှေတိမ်းမှောက်ရာတွင် ပါဝင်ကြသူများထဲမှ အသက်ရှင် ကျန်ရစ်သူ ၅၄ဝ ဦး နှင့် လူသေအလောင်း ၇ လောင်းကို ဆယ်ယူနိုင်ခဲ့ကြောင်း အီတလီကမ်းခြေစောင့် ရဲတပ်ဖွဲ့ကသတင်းထုတ်ပြန်သည်။ မေလ ၂၇ ရက်က ဖြစ်ပွားခဲ့သည့် နောက်ဆုံး လှေတိမ်းမှောက်မှုတွင် အနည်းဆုံး လူ ၄၅ ဦး သေဆုံးကြောင်း သိရသည်။ ကယ်ဆယ်ရေး လုပ်ငန်းစဉ်တွင် မေလ ၃ဝ ရက်နံနက်ပိုင်းအထိ အီတလီ ရေတပ်သင်္ဘောဖြင့် ရွှေ့ပြောင်းအခြေချသူ ၆၂၉ ဦးကို Reggio Calabria ဆိပ်ကမ်းတောင်ပိုင်းသို့ဆယ်ယူနိုင်ခဲ့သည်။
ထို့ပြင် ယခုတစ်ပတ်အတွင်း အနည်းဆုံး ရွှေ့ပြောင်းအခြေချသူ နှင့် ဒုက္ခသည် ၁၂ဝဝဝ ဦးကို မြေထဲပင်လယ်ထဲမှ ကယ်ဆယ်နိုင်ခဲ့ကြောင်း အီတလီကမ်းခြေစောင့်တပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.