Connect with us

Europe

ဂျာမန် ဘောလုံးပွဲ ကျင်းပစဉ် မိုးကြိုးပစ်ချမှုကြောင့် လူ ၃၃ ဦး ဒဏ်ရာရ

မိုးကြိုးပစ်ချခြင်းအား တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)

ဘာလင်၊ မေ ၂၉ ရက် (ဆင်ဟွာ)

ဂျာမနီနိုင်ငံ အနောက်ဘက် Rhineland Palatinate ပြည်နယ်၌ မေလ ၂၈ ရက်က ဘောလုံးပွဲ ကျင်းပနေစဉ် မိုးကြိုးပစ်ချမှုကြောင့် လူပေါင်း ၃၃ ဦး ဆေးရုံသို့ ပို့ဆောင် ခဲ့ရကြောင်း ပြောရေးဆိုခွင့်ရှိသူ ရဲ အရာရှိတစ်ဦး၏ ပြောကြားချက်အား ကိုးကား၍ ဂျာမန် မီဒီယာ Focus Online ၌ဖော်ပြထားသည်။

အဆိုပါ သတင်းအရ ဒဏ်ရာ ရသူများအနက် ၂၉ ဦးမှာ ကလေးများ ဖြစ်ကြောင်း၊ ဒဏ်ရာရသူ ၃ ဦးမှာ စိုးရိမ် ဖွယ် ဖြစ်ကြောင်း သိရသည်။
E- Youth ဘောလုံးပွဲ၏ ဒိုင်လူကြီးမှာ မိုးကြိုး တိုက်ရိုက်ထိမှန်ခဲ့ပြီး အရေးပေါ် ကယ်ဆယ်ရေး ရဟတ်ယာဉ်ဖြင့် ဆေးရုံသို့ ပို့ဆောင်ခဲ့ရသည်။ အခြားသူ ၂ ဦးမှာလည်း စိုးရိမ်ဖွယ် ဒဏ်ရာများ ရရှိထားသည်ဟု ဆိုသည်။
ပြောရေးဆိုခွင့်ရှိသူ ရဲအရာရှိ အဆိုအရ ထိခိုက်မိသည့် ကလေးများမှာ စိုးရိမ်ဖွယ် ဒဏ်ရာများ မဟုတ်သော် လည်း ကျန်းမာရေးအရ ကြိုတင်ကာကွယ်သည့် အနေဖြင့် ဆေးရုံသို့ ခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။
ယင်း ဘောလုံး ပွဲမှာလည်း မိုးကြိုးပစ်ချပြီးနောက် ပွဲရပ်လိုက်ရကြောင်း အစီရင်ခံစာက ဖော်ပြထားသည်။
“မျက်မြင်သက်သေတွေက အပြောအရတော့ မိုးလဲ မရွာခဲ့သလို ကောင်းကင်ကလဲ မဲမှောင်မနေဘူး” ဟု ယင်း ပြောရေးဆိုခွင့်ရှိသူက Focus Online သို့ပြောသည်။
ဂျာမန် မိုးလေဝသ ဝန်ဆောင်မှု (DWD) မှ မိုး/ဇလ ပညာရှင်တစ်ဦးကမူ ယင်း မတော်တဆမှု ဖြစ်ပွားသည့် ဧရိယာ အတွင်း၌ မုန်တိုင်း စက်ကွင်း သုံးခု ရှိနေသည်ဟု ဆိုသည်။ ထို့ပြင် မေလ ၂၈ ရက် နေ့လည်ပိုင်း ကလည်း မိုးသက်မုန်တိုင်း ပြင်းထန်စွာ ခံစားခဲ့ရသည့် Rhineland Palatinate ပြည်နယ်ရှိ နေရာ အတော်များ များ၌ နေထိုင်သူများအား DWD က သတိပေးချက် ထုတ်ပြန်ထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.