Connect with us

Europe

တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများကို အမြဲ ဈေးကွက်တံခါးဖွင့် ကြိုဆိုသွားမည်ဖြစ်ကြောင်း ပေါ်တူဂီနှင့်နယ်သာလန် နှစ်နိုင်ငံခေါင်းဆောင်များက ဆို

ပေါ်တူဂီနိုင်ငံ လစ္စဘွန်းမြို့ မြင်ကွင်းတစ်နေရာအား တွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

လစ္စဘွန်း၊ ဧပြီ ၄ ရက်(ဆင်ဟွာ)

ပေါ်တူဂီ နိုင်ငံ နှင့် နယ်သာလန် နှစ်နိုင်ငံသည် တရုတ်နိုင်ငံ၏ရင်းနှီးမြှုပ်နှံမှုများကို အမြဲဈေးကွက် တံခါးဖွင့် ကြိုဆိုသွားမည် ဖြစ်ကြောင်း ပေါ်တူဂီနိုင်ငံ ဝန်ကြီးချုပ် Antonio Costa နှင့် နယ်သာလန် နိုင်ငံဝန်ကြီးချုပ်Mark Rutteက ဧပြီ ၃ ရက်က လစ္စဘွန်းမြို့တွင် ပြောကြားခဲ့သည်။

ပေါ်တူဂီနိုင်ငံ၏ သံတမန်ရေးရာထုံးတမ်းအစဉ်အလာသည် ကမ္ဘာတစ်ဝန်း နိုင်ငံတကာဆက်ဆံရေးကို တွန်းအားပေးဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံအနေဖြင့် ပေါ်တူဂီနိုင်ငံသည် တစ်ကမ္ဘာလုံးကို တံခါးဖွင့်အနေအထားဖြင့် ချိန်ခွင်လျှာကဲ့သို့ချိန်ဆညှိနှိုင်းဆောင်ရွက်လျက်ရှိ ကြောင်း ပေါ်တူဂီနိုင်ငံဝန်ကြီးချုပ် Antonio Costaက နယ်သာလန်နိုင်ငံဝန်ကြီးချုပ်Mark Rutteနှင့် အတူ ကျင်းပပြုလုပ်သော ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

မည်သည့် ပြည်ပရင်းနှီးမြုပ်နှံမှုမျိုးမဆို ပေါ်တူဂီ၏ဥပဒေနှင့် ဥရောပသမဂ္ဂ၏ သက်ဆိုင်ရာ ဥပဒေ စည်းမျဉ်းများကို လိုက်နာရမည်ဖြစ်ကြောင်း ၊ ပေါ်တူဂီနိုင်ငံက နိုင်ငံကိုကြည့်၍ ရင်းနှီးမြှုပ်နှံသူ ကို ရွေးချယ်ခြင်းမဟုတ်ဘဲ ဈေးကွက်က လုပ်ငန်းနှင့်ကိုက်ညီမှုရှိသော အကောင်းဆုံးသူကိုသာ ရွေးချယ်ခြင်းဖြစ်ကြောင်း Antonio Costaက ဆိုသည်။

နယ်သာလန်နိုင်ငံ ဝန်ကြီးချုပ်Mark Rutteက ဥရောပသည် တံခါးဖွင့်စနစ်ကို ထိန်းသိမ်းသွားရမည်ဖြစ် ပြီး ကမ္ဘာ့အခြားနိုင်ငံများနှင့် ကောင်းမွန်သည့်ဆက်ဆံရေးထားရှိရမည်ဖြစ်ကြောင်း အလေးထား ပြောကြားခဲ့သည်။ ထို့အပြင် နယ်သာလန်နိုင်ငံနှင့် တရုတ်နိုင်ငံသည် နီးကပ်သည့် ကုန်သွယ်ရေး ဆက်ဆံမှုများရှိခဲ့သည့်အကြောင်းနှင့် တရုတ်နိုင်ငံ၏ရင်းနှီးမြှုပ်နှံမှုများကို ပေါ်တူဂီ အစိုးရက အပြည့်အဝယုံကြည်ထောက်ခံမှုများအကြောင်း ပြန်ပြောင်း ပြောကြားခဲ့သည်။ (Xinhua)