Connect with us

Europe

တူရကီတွင် စစ်အာဏာသိမ်းရန် ကြံစည်မှု နောက်ဆက်တွဲ သတင်းထောက် ၄၂ ဦးအား ဖမ်းဝရမ်းထုတ်

တူရကီ အာဏာသိမ်းမှုအား ဆန့်ကျင်သည့် ပြည်သူများအား တွေ့ရစဉ် (ဆင်ဟွာ)

အန်ကာရာ၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ)

တူရကီနိုင်ငံတွင် မအောင်မြင်ခဲ့သည့် စစ်အာဏာသိမ်းမှု ဖြစ်ပွားခဲ့ပြီးနောက် သတင်းထောက် ၄၂ ဦးအား အစိုးရက ဖမ်းဝရမ်းထုတ်ခဲ့ကြောင်း စီအင်န်အင်န် တူရကီ သတင်းက ဇူလိုင်လ ၂၅ ရက် နံနက်ပိုင်းက သတင်းဖော်ပြ ထားသည်။

ပြည်ပရောက် မူဆလင် ဘာသာရေး ခေါင်းဆောင် ဖာသူလ်လာ ဂူလန်၏ လက်ထောက် လူယုံနှင့် ဂူလန်၏ တူ မိုဟာမက် စိန့် ဂူလန်တို့အား ဖမ်းဆီးခဲ့ပြီးနောက် ယခုလို ဖမ်းဝရမ်းများ ထုတ်ခဲ့ခြင်း ဖြစ်သည်။
တူရကီနိုင်ငံ၌ ဇူလိုင်လ ၁၅ ရက်က ဖြစ်ပွားခဲ့သည့် စစ်အာဏာသိမ်းရန် ကြိုးပမ်းမှု၏ ကြိုးကိုင်သူအဖြစ် ဂူလန် အား စွပ်စွဲထားပြီး လက်ရှိ အမေရိကန်မှ ပြန်လည်လွှဲပြောင်းပေးရန် တူရကီဘက်က တောင်းဆိုထားသည်။
ပြီးခဲ့သည့် ရက်သတ္တပတ်ကလည်း သမ္မတ လုံခြုံရေး တပ်ရင်းမှ အဖွဲ့ဝင် ၃၀၀ ကို ဖမ်းဝရမ်းထုတ်ခဲ့ပြီးနောက် အဆိုပါ တပ်ရင်းအား ဖျက်သိမ်းခဲ့သည်။
ထို့ပြင် ဂူလန်းနှင့် အချိတ်အဆက် ရှိသည်ဟု သံသယရှိသော အစိုးရ အဖွဲ့အစည်းများမှ ဝန်ထမ်း ၄၄,၀၀၀ ကျော်အား ရာထူးမှ ရပ်ဆိုင်းခဲ့သည်။
ပညာရေး ဝန်ကြီးဋ္ဌာနက ကျောင်းဆရာ ၂၁,၀၂၉ ဦး အပါအဝင် အရပ်သား ဝန်ထမ်း ၂၁,၇၃၈ ဦး၊ ကာကွယ်ရေး ဝန်ကြီးဋ္ဌာနက စစ်ဘက်ဆိုင်ရာ တရားသူကြီးနှင့် ရှေ့နေ ၂၆၂ ဦးတို့အသီးသီး ရာထူးမှ ရပ်ဆိုင်းခဲ့သည်။
တူရကီနိုင်ငံ စစ်အာဏာသိမ်းရန် ကြိုးပမ်းမှုတွင် ရဲအရာရှိ ၆၀ ဦး၊ စစ်သား ၃ ဦးနှင့် အရပ်သား ၁၄၅ ဦး၊ စုစု ပေါင်း ၂၀၈ ဦး သေဆုံးခဲ့ကြောင်း၊ လူပေါင်း ၁,၄၉၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်းနှင့် အာဏာသိမ်းရန်ကြံစည်သူ ၁၀၀ ကျော် သေဆုံးခဲ့ကြောင်း တူရကီ ဝန်ကြီးချုပ် Binali Yildirim က ဇူလိုင်လ ၁၈ ရက် ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.