Connect with us

Europe

ရုရှားနိုင်ငံ မြောက်ပိုင်းတွင် လေယာဉ် ပျက်ကျ၊ အနည်းဆုံး ၂ ဦး သေဆုံး

နှင်းတောထဲသို့ ပျက်ကျကာ ပျက်စီးခဲ့သော Anronov An-2 လေယာဉ်အား တွေ့ရစဉ် (ဆင်ဟွာ)

မော်စကို၊ ဒီဇင်ဘာ ၂၀ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံ မြောက်ပိုင်း Netes ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ဒီဇင်ဘာလ ၁၉ ရက်က ခေတ်မမီတော့သည့် ပုံစံဟောင်း လေယာဉ် တစ်စင်း ပျက်ကျခဲ့ရာ အမျိုးသမီး တစ်ဦးနှင့် အသက် လေးနှစ်အရွယ် ကလေးတစ်ဦး သေဆုံးပြီး အခြားသူ ၁၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသဆိုင်ရာ အုပ်ချုပ်ရေးက အတည်ပြုပြောကြားခဲ့သည်။

Anronov An-2 လေယာဉ်သည် လေယာဉ်ဝန်ထမ်း နှစ်ဦးနှင့် ခရီးသည် ၁၁ ဦး လိုက်ပါသွားပြီး Nenets ပြည်နယ်မြို့တော် Naryan-Mar မြို့ လေဆိပ်မှ ထွက်ခွာပြီးနောက် ဆင်းသက်ရာတွင် ခက်ခဲသွားခဲ့ကြောင်း ဒေသဆိုင်ရာ အုပ်ချုပ်ရေးက ကြေညာချက်တွင် ပြောကြားခဲ့သည်။

ရုရှား စုံစမ်းစစ်ဆေးရေးကော်မတီက ပြသထားသည့် ဓာတ်ပုံများအရ လေယာဉ်ငယ် တစ်စင်းသည် တောင်ပံများကျိုးကာ ထူထပ်သော နှင်းတောထဲသို့ ပျက်ကျသွားခဲ့ကြောင်း သိရသည်။

လက်ရှိတွင် လူ ၈ ဦးအား ဒေသတွင်း ဆေးရုံ အရေးပေါ်ဋ္ဌာနတွင် တင်ထားဆဲဖြစ်ပြီး အခြားသူ ၂ ဦးမှာ ခွဲစိတ်ကုသမှု ခံယူနေရဆဲဖြစ်ကြောင်း၊ တစ်ဦးမှာ ကိုယ်တိုင်လှုပ်ရှားနိုင်ပြီဟု ဆိုသည်။

ရာသီဥတု ဆိုးဝါးမှု၊ လေယာဉ်မှူး၏ အမှားနှင့် နည်းပညာပိုင်းဆိုင်ရာ ချွတ်ယွင်းချက်စသဖြင့် လေယာဉ် ပျက်ကျရခြင်းအကြောင်းရင်းအား စုံစမ်းစစ်ဆေးနေကြောင်း ရုရှား စုံစမ်းစစ်ဆေးရေးကော်မတီက ပြောသည်။

An-2 လေယာဉ်သည် အင်ဂျင်တစ်လုံးတပ် လေယာဉ်ဖြစ်ပြီး လယ်ယာစိုက်ပျိုးရေးဆိုင်ရာသုံး လေယာဉ်အဖြစ် ၁၉၄၇ ခုနှစ်နှင့် ၂၀၀၁ ခုနှစ်အကြား ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်။ ယင်းလေယာဉ်အား ကမ္ဘာတစ်ဝန်းတွင် စစ်ဘက်နှင့် အရပ်ဘက် လုပ်ငန်းဆောင်တာများအတွက် ဆက်လက် အသုံးပြုနေသေးကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.