Connect with us

Europe

ဆီးရီးယားနိုင်ငံ အလယ်ပိုင်း ဟုန်းစ်မြို့တွင် အကြမ်းဖက်သူများ ထောင်ထားခဲ့သည့် ကားဗုံးပေါက်ကွဲမှုကြောင့် လူ ၂၀ ဦးသေဆုံး

ဆီးရီးယားနိုင်ငံ အလယ်ပိုင်း ဟုန်းစ်မြို့တွင် ကားဗုံးပေါက်ကွဲမှုကြောင့် ပျက်စီးမှုများအား မြင်တွေ့ရစဉ် (ဆင်ဟွာ)

ဒမာစကတ်၊ ဒီဇင်ဘာ ၁၃ ရက် (ဆင်ဟွာ)

ဆီးရီးယား အစိုးရ နှင့် ဆန့်ကျင်သူများအကြား သဘောတူညီမှု ရရှိပြီး နောက်တစ်နေ့တွင် ဆီးရီးယားနိုင်ငံ အလယ်ပိုင်း ဟုန်းစ်မြို့တွင် ဒီဇင်ဘာလ ၁၂ ရက်က ကားဗုံးပေါက်ကွဲခဲ့ရာ အနည်းဆုံး လူ ၂၀ ဦးသေဆုံးခဲ့ပြီး ၁၀ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း Pan-Arab al-Mayadeen တီဗွီက သတင်းထုတ်ပြန်ထားသည်။

ဆီးရီးယား အစိုးရနှင့် ဆန့်ကျင်သူများသည် ကုလသမဂ္ဂ ကြားဝင် စေ့စပ်ပေးမှုကြောင့် သဘောတူညီမှု ရရှိခဲ့ပြီး စစ်သွေးကြွများသည် လက်နက်စွန့်ခဲ့ကြသည်ဟု သတင်းတွင် ဖော်ပြထားသည်။

ဟုန်းမြို့ ဗုံးပေါက်ကွဲမှုအား ဟုန်းဒေသတွင်း ပြန်လည်ပေါင်းစည်းမှုအား မလိုလားသည့် အဖွဲ့က လက်တုံ့ပြန် သည့် လူအစုလိုက် အပြုံလိုက် အကြမ်းဖက် တိုက်ခိုက်မှုအဖြစ် ဆီးရီးယား အစိုးရက ရှုတ်ချလိုက်ပါသည်။

ယင်းကဲ့သို့ အကြမ်းဖက် တိုက်ခိုက်မှုဖြင့် ဒေသတွင်း ပြန်လည်ပေါင်းစည်းရေး လမ်းကြောင်းအား ခြိမ်းခြောက် ခြင်းသည် အောင်မြင်မည် မဟုတ်ဘဲ အကြမ်းဖက်တိုက်ခိုက်မှုများအား ဆက်လက်ဆန့်ကျင်သွားရန်နှင့် အမျိုး သား ပြန်လည် စည်းလုံးညီညွတ်ရေးအား ပိုမိုကျစ်လစ် ခိုင်မာစေမည် ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက် အရ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.