Connect with us

Europe

မြေထဲပင်လယ် တွင် တရားမဝင် ကူးပြောင်း သည့် လှေ တိမ်းမှောက် ခဲ့ရာ လူပေါင်း အနည်းဆုံး ၉၀ သေဆုံး

မြေထဲပင်လယ် မှ ဥရောပ တိုက်သို့ တရားမဝင် ကူးပြောင်းသူများအား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဂျီနီဗာ ၊ ဖေဖော်ဝါရီ ၃ ရက် (ဆင်ဟွာ)

အပြည်ပြည်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေး အဖွဲ့အစည်း က ဖေဖော်ဝါရီ ၂ ရက်နေ့ နံနက်ပိုင်း အချိန်တွင် လစ်ဗျား နိုင်ငံ ကမ်းခြေ တစ်ခု မှ မြေထဲပင်လယ် ကို ဖြတ်ကျော်၍ ဥရောပ နိုင်ငံများ သို့ တရားမဝင် ကူးပြောင်းရန် ကြံစည် သည့် လှေ တစ်စင်း တိမ်းမှောက်မှု ဖြစ်ပွား ခဲ့ရာ လူပေါင်း အနည်းဆုံး ၉၀ ဦး သေဆုံး ခဲ့ကြောင်း ထုတ်ပြန်ကြေညာ ခဲ့သည်။

ထုတ်ပြန်ချက်တွင် လက်ရှိချိန်ထိ သေဆုံးခဲ့သည့် ရုပ်အလောင်း ၁၀ လောင်း သည် လစ်ဗျား နိုင်ငံ ကမ်းခြေ သို့ မျောပါလာခဲ့ပြီး ၎င်းတို့အနက် ၂ ဦး မှာ လစ်ဗျား နိုင်ငံသား ဖြစ်ကာ ၈ ဦး မှာ ပါကစ္စတန် နိုင်ငံသား များ ဖြစ်ကြကြောင်း ၊ လက်ရှိချိန်တွင် လှေပေါ်တွင် လိုက်ပါခဲ့သူ ၂ ဦး က ကမ်းခြေသို့ ရေကူးရောက်ရှိလာကာ လွတ်မြောက် ခဲ့ပြီး တစ်ဦး အား ငါးဖမ်း သင်္ဘော မှ ကယ်ဆယ် နိုင်ခဲ့ကြောင်း ပါဝင် ခဲ့သည်။

အပြည်ပြည်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေး အဖွဲ့အစည်း ၏ နောက်ဆုံး ထုတ်ပြန်ချက်အရ ယခု နှစ် ဇန်နဝါရီလ တွင် မြေထဲပင်လယ်၌ တရားမဝင် ကူးပြောင်းသူပေါင်း ၂၄၆ ဦး သေဆုံး ခဲ့ပြီး ၂၀၁၄ ခုနှစ် မှ စတင်၍ နှစ်စဉ် အနည်းဆုံး လူပေါင်း ၃၀၀၀ က မြေထဲ ပင်လယ်၌ တရားမဝင် ကူးပြောင်းစဉ် သေဆုံးခဲ့ကြကြောင်း သိရှိရသည်။

ထို့ပြင် နောက်ဆုံး ထုတ်ပြန်ချက်အရ ယခုနှစ် ဇန်နဝါရီ ၂၈ ရက်နေ့ အထိ မြေထဲပင်လယ် မှ တရားဝင် နှင့် တရားမဝင် ကူးပြောင်းသူပေါင်း ၆၆၂၄ ဦး ဥရောပ တိုက် သို့ ရောက်ရှိလာခဲ့ကြပြီး ၂၀၁၇ ခုနှစ် အတွင်း အလားတူ အချိန်ကာလ၌ ထုတ်ပြန်ခဲ့သည့် ၅၉၈၃ ဦး ထက် တိုးမြင့်လာကြောင်း သိရှိရသည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117