Connect with us

Europe

ရုရှား နိုင်ငံ စစ်သဘောၤမှ အန္တရာယ် မဖြစ်ပွားရန် တူရကီ သင်္ဘောအား အချက်ပြပစ်ခတ်သတိပေးမှုဖြစ်ပွား

Astute-class စစ်သင်္ဘောအား Aegean ပင်လယ်၌ မြင်တွေ့ခဲ့ရစဉ်(ဆင်ဟွာ)

မော်စကို၊ ဒီဇင်ဘာ ၁၄ ရက်(ဆင်ဟွာ)

ရုရှားကာကွယ်ရေးဝန်ကြီးဌာနမှ ဒီဇင်ဘာ ၁၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် ထုတ်ပြန်ချက်တွင် ရုရှားနိုင်ငံ စစ်သင်္ဘောတစ်စင်း သည် Aegean ပင်လယ်၌ တူရကီနိုင်ငံ ငါးဖမ်းသင်္ဘောတစ်စင်း နှင့် အချက်ပြ ပစ်ခတ်ခဲ့ ကြောင်း တရားဝင်ထုတ်ပြန်ခဲ့သည်။

ထုတ်ပြန်ချက်တွင် မော်စကိုနိုင်ငံ ဒေသစံတော်ချိန်တွင် ၉း၀၃ မိနစ်ခန့်တွင် ရုရှားနိုင်ငံ Astute-class စစ်သင်္ဘောသည် Aegean ပင်လယ်တွင် ရေမိုင်၂၂ မိုင် အကွာတွင် ၎င်းရေယာဉ်အားတွေ့ရှိခဲ့ပြီး အချက်ပြမှု များပြုလုပ်ခဲ့ပါသည်။ သို့သော် မီတာတစ်ထောင်ထိ ရောက်ရှိလာချိန်အထိ မျက်နှာချင်းဆိုင် မောင်းနှင် လာသဖြင့် ရုရှားနိုင်ငံစစ်သင်္ဘောမှ ရေဒီယိုဖြင့် ဆက်သွယ်မှုများ အချက်ပြမီးဖြင့် ဆက်သွယ်မှုများ ပြုလုပ်ခဲ့ သော်လည်း ယင်းငါးဖမ်းသင်္ဘောမှလုံး၀ ပြန်လည်ဆက်သွယ်ခြင်းများမရှိခဲ့ပါ။

ထို့ပြင်ထုတ်ပြန်ချက်တွင် ငါးဖမ်းသင်္ဘောမှ မီတာ၆၀၀ အနီးသို့ ရောက်ရှိလာချိန်တွင် သင်္ဘောနှစ်စင်း တိုက်ခိုင်မှုမဖြစ်ပွားစေရန်နှင့် ရုရှားနိုင်ငံအနေဖြင့် စစ်သင်္ဘောအားကာကွယ် စောင့်ရှောက်ရန်အတွက် ၎င်းငါးဖမ်းသင်္ဘော ရှိရာဖက်သို့ အချက်ပြပစ်ခတ်မှု ပြုလုပ်ခဲ့ပါသည်။ ထို့နောက်မှသာ ငါးဖမ်းသင်္ဘောသည် ထိပ်တိုက် မောင်းနှင်ဦးတည်ရာမှ လမ်းကြောင်းပြောင်းလဲ မောင်းနှင်သွားပါသည်။ ထိုငါးဖမ်းသင်္ဘောသည် မီတာ ၅၄၀ အကွာအဝေး ရောက်ရှိသည်ထိ ရုရှားစစ်သင်္ဘောနှင့် မည့်သည့် ဆက်သွယ်ပြောဆိုမှုများ မပြုလုပ် ခဲ့ပါ။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117