Connect with us

Europe

ရုရှား နိုင်ငံ ဝန်ကြီးချုပ် က အာကာသ ဒုံးပျံ ပစ်လွှတ်မှု မအောင်မြင်ခြင်း နှင့် ပတ်သက်၍ အရေးယူရန် စုံစမ်း စစ်ဆေးမှု များ ဆောင်ရွက်မည် ဖြစ်ကြောင်း ပြော

ရုရှား နိုင်ငံ မှ လွှတ်တင် ခဲ့သည့် အာကာသ ဒုံးကျည် တစ်စင်း အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

မော်စကို ၊ ဒီဇင်ဘာ ၄ ရက် (ဆင်ဟွာ)

ရုရှား နိုင်ငံ ဝန်ကြီးချုပ် Dmitry Medvedev က လတ်တလော ရက်ပိုင်း အတွင်း ပစ်လွှတ် ခဲ့သည့် Soyuz-2.1B အာကာသ ဒုံးပျံ ပစ်လွှတ်မှု မအောင်မြင်ခြင်း နှင့် ပတ်သက်၍ သက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်များ တာဝန်ယူရန် စုံစမ်း စစ်ဆေးမှုများ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ရုရှား နိုင်ငံ နိုင်ငံပိုင် သတင်းဌာန ၏ ဖော်ပြချက်အရ ဝန်ကြီးချုပ် နှင့် ဒုတိယ ဝန်ကြီးချုပ် တို့မှ အစည်းအဝေး ပြုလုပ်စဉ်အတွင်း ယခု အကြိမ် ဒုံးပျံ ပစ်လွှတ်မှု မအောင်မြင်ခြင်းသည် ရုရှား နိုင်ငံ အတွက် ငွေကြေး ဆုံးရှုံးမှု ဖြစ်ပွား စေခဲ့ခြင်း တစ်ခုတည်း မဟုတ်ဘဲ ရုရှား နိုင်ငံ ၏ အာကာသ လုပ်ငန်း ကဏ္ဍရှိ ဂုဏ်သိက္ခာ ကိုပါ ထိခိုက်စေခဲ့ကြောင်း ၊ ထို့ကြောင့် ဒုံးပျံ ပစ်လွှတ်မှု မအောင်မြင်ခြင်း နှင့် ပတ်သက်၍ ဘက်စုံ စစ်ဆေးမှုများ ဆောင်ရွက်သွားပြီး သက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ် များကို အရေးယူသွားမည် ဖြစ်ကြောင်း အထူး ပြောကြား ခဲ့သည် ဟု သိရှိခဲ့ရသည်။

ရုရှား နိုင်ငံ အာကာသ လုပ်ငန်း ကုမ္ပဏီ က နိုဝင်ဘာ ၂၈ ရက်နေ့ ၌ ရုရှား နိုင်ငံ အရှေ့ပိုင်းရှိ ဒုံးကျည် ပစ်လွှတ်သည့် စခန်း တစ်ခု မှ ဂြိုပ်တု ပေါင်း ၁၉ လုံး သယ်ဆောင်ထားသည့် Soyuz-2.1B ဒုံးပျံ တစ်စင်း ကို ပစ်လွှတ် ခဲ့သည်။ သို့သော် ဒုံးပျံ အနေဖြင့် ဂြိုလ်တု များအား သတ်မှတ် ထားသည့် ဂြိုလ် ပတ်လမ်းသို့ ရောက်ရှိအောင် ပို့ဆောင်ပေးနိုင်ခဲ့ခြင်း မရှိကြောင်း နှင့် ယင်းဂြိုလ်တု များမှာ ရုရှား ၊ ကနေဒါ ၊ နော်ဝေး ၊ ဂျပန် ၊ ဂျာမဏီ နှင့် အမေရိကန် စသည့် နိုင်ငံ များမှ ဂြိုပ်တုများ ဖြစ်ကြောင်း သိရှိခဲ့ရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.