Connect with us

Europe

ရုရှား နိုင်ငံ အနာဂတ် တွင် စက်ရုပ်များဖြင့် လကမ္ဘာ အခြေစိုက် စခန်း အား စီမံခန့်ခွဲမှုများ ပြုလုပ်သွားမည်

လကမ္ဘာတွင် စူးစမ်းလေ့လာမှုများ ဆောင်ရွက်နေသည် ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

မော်စကို ၊ နိုဝင်ဘာ ၈ ရက် (ဆင်ဟွာ)

ရုရှား နိုင်ငံ အမျိုးသား အာကာသ ကုမ္ပဏီ ဥက္ကဋ္ဌ Dmitry Rogozin က လတ်တလော ရက်ပိုင်း အတွင်း ရုရှား နိုင်ငံ အနေဖြင့် အနာဂတ် တွင် လကမ္ဘာ တွင် ထားရှိမည့် အခြေစိုက် စခန်း အား စက်ရုပ်များကို အဓိက အသုံးပြု၍ စီမံခန့်ခွဲမှုများ ဆောင်ရွက်သွားစေမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ရုရှား နိုင်ငံပိုင် သတင်းဌာန ၏ ဖော်ပြချက်အရ ရုရှား နိုင်ငံ အနေဖြင့် အနာဂတ် တွင် လကမ္ဘာ ၌ ရေရှည် အခြေစိုက်စခန်း တစ်ခု တည်ဆောက်သွားမည် ဖြစ်ပြီး ယင်း စခန်း တွင် လူနေထိုင်ရန် မလိုအပ် ဘဲ စက်ရုပ် များအား ထိန်းချုပ်၍ စီမံခန့်ခွဲမှု နှင့် လကမ္ဘာပေါ် တွင် လုပ်ငန်း ဆောင်ရွက်မှုများ အား ပြုလုပ်စေမည် ဖြစ်ကြောင်း သိရှိရသည်။

ယခု နှစ် မတ်လ တွင် ရုရှား နိုင်ငံ အမျိုးသား အာကာသ ကုမ္ပဏီ က နှစ်ပေါင်း ၄၀ ကျော် ရပ်နား ထားသည့် အစီအစဉ် အား ပြန်လည် ဆောင်ရွက်မည် ဖြစ်ပြီး အနာဂတ် ၂ နှစ် အတွင်း Luna 25 စူးစမ်းလေ့လာရေး ကိရိယာ အား လကမ္ဘာသို့ စေလွှတ်မည် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ ခဲ့သည်။

သတင်းဖော်ပြချက်များအရ ရုရှား နိုင်ငံ မှ လကမ္ဘာတွင် တည်ဆောက်မည့် အခြေစိုက် စခန်းတွင် အာကာသ ယာဉ် အစိတ်အပိုင်း များ ပြုလုပ်ခြင်း နှင့် အာကာသ ပြုပြင် မွန်းမံခြင်း လုပ်ငန်းများ အား ဆောင်ရွက်နိုင်မည် ဖြစ်ပြီး လကမ္ဘာရှိ ဓာတ်သတ္တုများဖြင့် အာကာသယာဉ် အစိတ်အပိုင်းများအား 3D ပုံနှိပ်ထုတ်လုပ်သည့် ပုံစံမျိုးဖြင့် ထုတ်လုပ်မှုများ ပြုလုပ်ရန် သုတေသန များ ဆောင်ရွက်နေကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.