Connect with us

Europe

ဒုက္ခသည် များ လိုက်ပါ ခဲ့သည့် စက်လှေ ၃ စင်း Gibraltar ရေလက်ကြား တွင် တိမ်းမှောက်မှု ဖြစ်ပွား အနည်းဆုံး ၁၇ ဦး သေဆုံး

ဒုက္ခသည်များ လိုက်ပါခဲ့သည့် စက်လှေ တိမ်းမှောက် ခဲ့သဖြင့် ကယ်ဆယ်ရေး လုပ်ငန်း ဆောင်ရွက်နေစဉ်(ဆင်ဟွာ)

မက်ဒရစ် ၊ နိုဝင်ဘာ ၇ ရက် (ဆင်ဟွာ)

စပိန် နိုင်ငံ ကယ်ဆယ်ရေး အဖွဲ့အစည်း ၏ နိုဝင်ဘာ ၆ ရက် ထုတ်ပြန်ကြေညာချက် အရ မော်ရိုကို ဘက် မှ ထွက်ခွာလာသည့် ဒုက္ခသည်များ လိုက်ပါခဲ့သော စက်လှေ ၃ စင်း သည် Gibraltar ရေလက်ကြား အား ဖြတ်သန်း စဉ် အတွင်း တိမ်းမှောက်မှု ဖြစ်ပွား ခဲ့ရာ အနည်းဆုံး လူပေါင်း ၁၇ ဦး သေဆုံး ခဲ့ပြီး ၁၀ ဦး ပျောက်ဆုံးနေကြောင်း သိရှိရသည်။

စပိန် နိုင်ငံ သတင်းမီဒီယာ များ၏ ဖော်ပြချက်အရ နိုဝင်ဘာ ၅ ရက် နံနက်ပိုင်း အချိန်တွင် ဒုက္ခသည်များ တင်ဆောင်လာသည့် စက်လှေ တစ်စင်း က စပိန် နိုင်ငံ တောင်ပိုင်း Cádiz မြို့ အနီးတွင် ကျောက်ဆောင် နှင့် တိုက်မိခဲ့ပြီး တိမ်းမှောက် သွား ခဲ့ကြောင်း ၊ ကယ်ဆယ်ရေး အဖွဲ့ က တွေ့ရှိချိန်တွင် သေဆုံးသူ ၄ ဦး အား တွေ့ရှိခဲ့ပြီး ၂၂ ဦး အား ကယ်ဆယ် နိုင်ခဲ့ကြောင်း ၊ အသက်ရှင်ကျန်ရစ်သူ ၏ ပြောကြားချက်အရ စက်လှေပေါ်တွင် လူပေါင်း ၄၀ ခန့်လိုက်ပါခဲ့ကြောင်း ၊ ထို့ပြင် နိုဝင်ဘာ ၅ ရက် ၌ စပိန် နိုင်ငံ Melilla မြို့ အနီး ပင်လယ်ပြင် တွင် တိမ်းမှောက်နေသည့် ဒုက္ခသည် များ၏ စက်လှေ ၂ စင်း အား တွေ့ရှိခဲ့ပြီး လူပေါင်း ဆယ်နှင့်ချီ၍ ကယ်ဆယ် နိုင်ခဲ့ကြောင်း ၊ ယင်း စက်လှေ ၂ စင်း အား ကယ်ဆယ်ရေး လုပ်ငန်း ဆောင်ရွက်ရာ တွင် ၉ ဦး က အချင်း ဖြစ်ပွား သည့် နေရာ တွင် သေဆုံး ခဲ့ပြီး မူးမေ့နေသူ ၄ ဦး က ကမ်းပေါ်သို့ ပြန်လည်ရောက်ရှိချိန်တွင် သေဆုံး ခဲ့ကြောင်း ၊ စပိန် နိုင်ငံ ရဲတပ်ဖွဲ့ အနေဖြင့် လက်ရှိချိန်တွင် ဒုက္ခသည်များ သေဆုံးခဲ့ရသည့် အကြောင်းရင်း နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ စတင်ဆောင်ရွက်နေပြီ ဖြစ်ကြောင်း သိရှိရသည်။

အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာသူများ အဖွဲ့ (IOM) ၏ နိုဝင်ဘာ ၅ ရက် ထုတ်ပြန် ကြေညာချက် အရ ၂၀၁၈ ခုနှစ် အတွင်း ဇန်နဝါရီလ မှ အောက်တိုဘာလ အထိ ဒုက္ခသည်များ မြောက်အာဖရိက မှ စပိန် နိုင်ငံ သို့ သွားရောက်စဉ် ဒုက္ခသည် ၅၆၄ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.