Connect with us

Europe

ရွှေ့ပြောင်း ဒုက္ခသည်များအရေး အရေးပေါ် လုပ်ဆောင်ရန် အီးယူ ခေါင်းဆောင်များ ဆွေးနွေး

ဥရောပတိုက်တွင်းရှိ ရွှေ့ပြောင်းလုပ်သားများ အားမြင်တွေ့ရစဉ် (ဆင်ဟွာ)

ဘရပ်ဆဲလ်၊ ဒီဇင်ဘာ ၁၈ ရက် (ဆင်ဟွာ)

ရွှေ့ပြောင်း ဒုက္ခသည်များ အရေးကို အရေးပေါ် ကိုင်တွယ် ဖြေရှင်းရန် ဒီဇင်ဘာလ ၁၇ ရက် နှောင်းပိုင်းက အီးယူခေါင်းဆောင်များ ဆွေးနွေးခဲ့ကြပြီး လာမည့် ခြောက်လတာအတွင်း အငြင်းပွားမှုဖြစ်နေရသော နယ်စပ်၌ လုံခြုံရေး အခြေအနေတစ်ရပ်အား လက်ခံကျင့်သုံးရန် သဘောတူခဲ့ကြသည်။

“လွန်ခဲ့တဲ့ လတွေအတွင်း ဥရောပကောင်စီက လုပ်ဆောင်ခဲ့တဲ့ မဟာဗျူဟာမှာ ဥရောပ အနေနဲ့ မကြုံစဖူး ရင်ဆိုင်နေရတဲ့ ရွှေ့ပြောင်းသွားလာမှုတွေကို ရပ်တန့်သွားဖို့ ရည်ရွယ်ထားပါတယ်” ဘရပ်ဆဲလ်၌ ပြုလုပ်နေ သည့် ထိပ်သီး အစည်းအဝေး ပထမပိုင်း ပြီးဆုံးချိန်တွင် ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

“လက်ရှိ အကောင်အထည် ဖော်မှုတွေဟာ မလုံလောက်သေးပါဘူး၊ အရှိန်မြှင့်လုပ်ဖို့ လိုပါသေးတယ်” ဟု ကြေညာချက်က ဆိုသည်။

ဥရောပ ကော်မရှင်က ထုတ်ပြန်ကြေညာခြင်း မပြုမီမှာ အဆိုပြုချက်အား အမြန် သုံးသပ်ရန် လိုအပ်ကြောင်း ခေါင်းဆောင်များက သဘောတူခဲ့ကြသလို နယ်စပ်သစ် တည်ထောင်ရေးနှင့် ကမ်းရိုးတန်းစောင့်တပ်များ အနေ ဖြင့် နယ်စပ်ကာကွယ်ရေးအား အလျင်အမြန် တုံ့ပြန်လုပ်ဆောင်မှု စတင်လုပ်ဆောင်ကြရန် သဘောတူခဲ့ကြ သည်။

ယင်းအဆိုပြုချက်တွင် အဖွဲ့ဝင်နိုင်ငံများက အရေးပေါ် ကဲ့သို့ အခြေအနေများ ဖြစ်လာခဲ့လျှင် အချုပ်အခြာ အခွင့်အရေး ပေးအပ်သွားမည် ဖြစ်ကြောင်းနှင့် အဖွဲ့ဝင်နိုင်ငံများ၏ နယ်စပ်များ ကာကွယ်ရန် အသုံးပြုမည့် အေဂျင်စီ အသစ်တစ်ခုအား ထောက်ပံ့ရန်လည်း ပါဝင်သည်။

သတင်းကြေညာချက် အဆိုအရ ကောင်စီသည် အဆိုပြုချက်အား အလျင်အမြန် စစ်ဆေးရန် လိုအပ်ပြီး နယ် သာလန် သမ္မတရုံး လက်အောက်တွင် ဥရောပ နယ်စပ်နှင့် ကမ်းရိုးတန်းစောင့်တပ်အား တာဝန်ချထားပေးသင့် ကြောင်းနှင့် လာမည့် ခြောက်လအတွင်း လုပ်ဆောင်သင့်သည်ဟု ဆိုသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117