Connect with us

Europe

ဟိုတယ် လုပ်ငန်းတွင် ယူရို ၃၇ မီလီယံ ရင်းနှီးမြှုပ်နှံရန် ရော်နယ်လ်ဒို အစီအစဉ်ရှိ

ရီးယဲမက်ဒရစ် အသင်း၏ ဘောလုံးအကျော်အမော် ခရစ္စတီယာနို ရော်နယ်လ်ဒိုကိုတွေ့ရစဉ်(ဆင်ဟွာ)

လစ်ဘွန်း၊ ဒီဇင်ဘာ ၁၉ ရက် (ဆင်ဟွာ)

ရီးယဲမက်ဒရစ် အသင်း၏ ဘောလုံးအကျော်အမော် ခရစ္စတီယာနို ရော်နယ်လ်ဒိုက CR7 ဟိုတယ် လုပ်ငန်း၌ ယူရို ၃၇ မီလီယံ (အမေရိကန်ဒေါ်လာ ၄၀ မီလီယံ) ကျော် ရင်းနှီးမြှုပ်နှံသွားမည်ဟု ဒီဇင်ဘာလ ၁၅ ရက်က ကြေညာ လိုက်သည်။

ရော်နယ်လ်ဒိုသည် ပေါ်တူဂီတွင် အကြီးဆုံး ဟိုတယ် အုပ်စုဖြစ်သည့် Pestana Hotel အုပ်စုနှင့်အတူ တွဲဖက် လုပ်ကိုင်သွားမည် ဖြစ်ပြီး ဖန်ချယ်၊ လစ်ဘွန်း၊ မက်ဒရစ်နှင့် နယူးယောက်မြို့များ၌ ရော်နယ်လ်ဒို CR7 moniker အား တည်ထောင်သွားရန် အစီအစဉ်ရှိကြောင်း သိရသည်။

CR7 ဖက်ရှင် အစီအစဉ်တွင် ပါဝင်သူ ရော်နယ်လ်ဒိုက ၎င်း၏ ပုံများအား အခြား ကုန်တံဆိပ်များတွင်လည်း အသုံးပြုခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.