Connect with us

Europe

ကမ္ဘာ့တားမြစ်ဆေးတိုက်ဖျက်ရေး အေဂျင်စီ (WADA) ၏ ဒေတာဘေ့စ်အား ဟက်ကာများက တိုက်ခိုက်မှုတွင် ရုရှားမပါဝင်ကြောင်း ငြင်းဆို

ကမ္ဘာ့တားမြစ်ဆေးတိုက်ဖျက်ရေး အေဂျင်စီ (WADA) ၏ အမှတ်တံဆိပ်အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

မော်စကို၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ)

ကမ္ဘာ့တားမြစ်ဆေးတိုက်ဖျက်ရေး အေဂျင်စီ (WADA) ၏ ဒေတာဘေ့စ်အား မကြာသေးမီက ဟက်ကာများ တိုက်ခိုက်ခဲ့မှု တွင် မည်သည့်ပါဝင်မှုမှ မပြုလုပ်ခဲ့ကြောင်း ရုရှားက စက်တင်ဘာ ၁၃ ရက်တွင်ပြောကြားခဲ့သည်။

ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ Dmitry Peskov က “ယခုကဲ့သို့ ဟက်ကာတွေရဲ့တိုက်ခိုက်မှု မှာ ရုရှားအစိုးရ နဲ့ မည်သည့် ရုရှားအဖွဲ့အစည်း မှ ပါဝင်ပတ်သက်နေခြင်းမရှိဘူးဆိုတာကို အတိအကျပြောနိုင်ပါတယ်” ဟု ပြောကြားခဲ့သည်။
အစောပိုင်းနေ့များက Fancy Bears’ အမည်ရှိ ဟက်ကာအဖွဲ့က ကမ္ဘာ့တားမြစ်ဆေးတိုက်ဖျက်ရေး အေဂျင်စီ (WADA) ၏ ဒေတာဘေ့စ်အတွင်းသို့ဝင်ရောက်နိုင်ခဲ့ကြောင်းကြေညာခဲ့ပြီး အမေရိကန် အားကစားသမားများစွာသည် ဆေးစစ်ချက်မအောင်မြင်ခဲ့ကြောင်း နှင့် ရီယို အိုလံပစ်ဆုရှင်များ သည် ဆေးစစ်ချက်မအောင်မြင်ခဲ့သော်လည်း အောင်မြင်ကြောင်းလိုင်စင်များရရှိခဲ့ကြောင်း ဖွင့်ချခဲ့သည်။
ဟက်ကာအဖွဲ့မှ အဓိကပစ်မှတ်ထားသည့် အားကစားသမားများမှာ ကမ္ဘာ့ထိပ်တန်း တင်းနစ်ကစားများဖြစ်သည့် Williams ညီအမများ နှင့် အမေရိကန်နိုင်ငံသား အိုလံပစ်ရွှေတံဆိပ်ဆုရှင် ဂျွမ်းဘားသမား Simone Biles တို့ဖြစ်ကြောင်း သိရသည်။
ဆေးစစ်ချက်လိမ်လည်မှုများသည် WADA နှင့် IOC တို့၏ ဆေးဝါးသိပ္ပံ ဋ္ဌာနများ၌ အကျင့်ပျက်ချစားမှု နှင့် မသမာမှုများရှိနေကြောင်း ထင်ရှားသည့် သက်သေတစ်ခုဖြစ်ကြောင်း ဟက်ကာအဖွဲ့က ၎င်း၏အင်တာနက် စာမျက်နှာ၌ရေးသားခဲ့သည်။
ဟက်ကာအဖွဲ့၏ထုတ်ဖော်ချက်များ ပေါ်ထွက်လာပြီးနောက် WADA က ဆိုက်ဘာတိုက်ခိုက်ခံရမှုအား အွန်လိုင်းထုတ်ပြန်ချက်၌ အတည်ပြုခဲ့ပြီး ယင်းတိုက်ခိုက်မှုနောက်ကွယ်၌ ရုရှား ဆိုက်ဘာသူလျှိုအဖွဲ့တစ်ဖွဲ့ ရှိနေပြီး တရားမဝင်လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.