Connect with us

Europe

သမ္မတရွေးကောက်ပွဲအား ဝင်ရောက်နှောင့်ယှက်ရန် အမေရိကန်ကြိုးပမ်းနေကြောင်း ရုရှားပြစ်တင်ပြောဆို

ရုရှားနိုင်ငံသမ္မတ ဗလာဒီမာပူတင် (ဝဲ) နှင့် အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် (ယာ) တို့ ၂၀၁၇ခုနှစ် ဇူလိုင် ၇ရက်တွင် ဂျာမနီနိုင်ငံ၌တွေ့ဆုံစဉ် (ဓါတ်ပုံ-ဆင်ဟွာ/Reuters)

မော်စကို၊ မတ် ၆ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန သည် လာမည့်သမ္မတရွေးကောက်ပွဲတွင် အမေရိကန်၏ ဝင်ရောက်စွက်ဖက်ရန် ကြိုးစားမှုများကို စောင့်ကြည့်နေမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဒုတိယဝန်ကြီး Sergei Ryabkov က မတ် ၅ ရက်တွင်ပြောကြားခဲ့သည်။

Ryabkov က ရုရှား၏ပြည်တွင်းရေးများတွင် အမေရိကန်၏ ဝင်ရောက်စွက်ဖက်မှုများသည် အထူးသဖြင့် မကြာသေးမီနှစ်များက ပြုလုပ်ခဲ့သော မဲဆွယ်ပွဲလှုပ်ရှားမှု နှင့် အောက်လွှတ်တော်ရွေးကောက်ပွဲ ကာလများတွင် ပိုမိုများပြားခဲ့ကြောင်း လွှတ်တော်အစည်းအဝေးတစ်ခု၌ပြောကြားခဲ့သည်။

အခြားသက်ဆိုင်ရာဋ္ဌာနများသည် နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန နှင့် ပူးပေါင်း၍ ယင်းအရေးကိစ္စကို ဖြေရှင်းနေကြောင်း ၎င်းကပြောကြားခဲ့သည်။

၎င်းက အမေရိကန်နိုင်ငံသည် လွန်ခဲ့သည့် ဆယ်စုနှစ် ၂ခုကျော်အတွင်း အခြားနိုင်ငံများ၏ ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်မှုများ ပြုလုပ်ခဲ့ပြီး ပဋိပက္ခများ၊ စစ်ပွဲများ နှင့် နိုင်ငံ ပြိုကွဲမှုများ ဖြစ်ပေါ်စေခဲ့ကြောင်း ပြောကြားခဲ့သည်။

ယင်းနေ့မှာပင် ကရင်မလင်နန်းတော် ပြောရေးဆိုခွင့်ရှိသူ Dmitry Peskov က အမေရိကန်နိုင်ငံံသည် ရုရှားနိုင်ငံ အပါအဝင် အခြားနိုင်ငံများ၏ ပြည်တွင်းရေးများတွင် ဝင်ရောက်စွက်ဖက်ရန် စိတ်အားထက်သန်သည့် အစဉ်အလာရှိကြောင်း ပြောကြားခဲ့သည်။

ရုရှားနိုင်ငံသည် ၎င်း၏ ၆နှစ်တစ်ခါကျင်းပသော သမ္မတရွေးကောက်ပွဲအား မတ် ၁၈ရက်တွင် ကျင်းပမည်ဖြစ်ပြီး သမ္မတ ဗလာဒီမာပူတင်အနေဖြင့် ဆက်လက်သမ္မတအဖြစ် တာဝန်ထမ်းဆောင်ရန် နှင့် စုစုပေါင်း ၄ကြိမ်မြောက် သမ္မတအဖြစ်အရွေးခံရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း သိရသည်။

၂၀၁၆ခုနှစ် အမေရိကန်ရွေးကောက်ပွဲတွင် ဒေါ်နယ်ထရမ့်အနေဖြင့် ပြိုင်ဘက် ဟီလာရီကလင်တန်အား ရှုံးနိမ့်စေရန် ရုရှားနိုင်ငံက ဝင်ရောက် စွက်ဖက်ခဲ့ကြောင်း အမေရိကန်နိုင်ငံက ၂၀၁၇ခုနှစ်တွင် စွပ်စွဲပြစ်တင်ခဲ့ပြီး ရုရှားဘက်က ယင်းစွပ်စွဲချက်အား ငြင်းဆန်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.