Connect with us

Europe

ဆီးရီးယားတွင် ရုရှားစစ်လေယာဉ်ပျက်ကျမှု သေဆုံးသူ ၃၉ဦးအထိ မြင့်တက်လာ

ဆီးရီးယားနိုင်ငံ ရှိ Hmeymim လေတပ်အခြေစိုက်စခန်း အားကောင်းကင်မှမြင်တွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

မော်စကို၊ မတ် ၇ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဋ္ဌာနက မတ် ၆ရက်တွင် ဆီးရီးယားနိုင်ငံ ၌ ပျက်ကျခဲ့သော စစ်ဘက် ပို့ဆောင်ရေးလေယာဉ်တစ်စီးသည် ကနဦးတွင် လူ ၃၂ဦးတင်ဆောင်လာသည်ဟု သတင်းရရှိသော်လည်း နောက်ပိုင်းတွင် ပျက်ကျချိန်၌ လူ ၃၉ဦးကို တင်ဆောင်လာခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

An-26 လေယာဉ်သည် ဆီးရီးယားနိုင်ငံ ရှိ Hmeymim လေတပ်အခြေစိုက်စခန်း သို့ ဆင်းသက်စဉ် မြေပြင်နှင့် တိုက်မိပြီး လေယာဉ်ပေါ်တွင် လိုက်ပါလာသော ခရီးသည် ၃၃ဦး နှင့် လေယာဉ်အမှုထမ်း ၆ဦးစလုံး သေဆုံးခဲ့ကြောင်း ဝန်ကြီးဋ္ဌာန၏ပြောကြားချက်အရ သိရသည်။

သေဆုံးသူအားလုံးသည် ရုရှားစစ်မှုထမ်းများဖြစ်ပြီး ၎င်းတို့၏ မိသားစုဝင်များအား လိုအပ်သည့် အထောက်အပံ့နှင့် အကူအညီများ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင် က လေယာဉ်ပျက်ကျမှုကြောင့် သေဆုံးသွားသူများ၏ မိသားစုဝင်များ နှင့် မိတ်ဆွေများထံ ဝမ်းနည်းကြေကွဲကြောင်း ပြောကြားခဲ့သည်ဟု ကရင်မလင် နန်းတော်က ထုတ်ပြန်ခဲ့သည်။

လေယာဉ်သည် တိုက်ခိုက်ခံရခြင်းမဟုတ်ကြောင်း နှင့် နည်းပညာပိုင်းဆိုင်ရာ ချို့ယွင်းမှုကြောင့် ပျက်ကျခဲ့ခြင်းဖြစ်နိုင်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဋ္ဌာနက အဆိုပါနေ့အစောပိုင်းတွင်ပြောကြားခဲ့သည်။

ကာကွယ်ရေးဝန်ကြီးဋ္ဌာနက လေယာဉ်ပျက်ကျမှုအား စုံစမ်းစစ်ဆေးရန် ကော်မရှင်တစ်ရပ်ဖွဲ့စည်းခဲ့ကြောင်း ပြောကြားခဲ့သည်။

ရုရှားနိုင်ငံ သည် လက်ရှိတွင် Hmeymim လေတပ်အခြေစိုက်စခန်းအား ဆီးရီးယားနိုင်ငံ အတွင်းရှိ အကြမ်းဖက်သမားများအား တိုက်ခိုက်နေသည့် ဆီးရီးယားတပ်ဖွဲ့ဝင်များကို အထောက်အပံ့ပေးရန် အတွက် အသုံးပြုခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.