Connect with us

Europe

အကြမ်းဖက်မှု တိုက်ဖျက်ရေး ပူးတွဲ လုပ်ဆောင်ရန် G20 ခေါင်းဆောင်များ ကတိသစ္စာပြု

G20 အစည်းအဝေးသို့ တက်ရောက်လာသည့် ခေါင်းဆောင်များအား တွေ့ရစဉ် (ဆင်ဟွာ)

ဟမ်းဘတ်၊ ဂျာမနီ၊ ဇူလိုင် ၈ ရက် (ဆင်ဟွာ)

ဂျာမနီနိုင်ငံ ဟမ်းဘတ်မြို့တွင် ပြုလုပ်နေသော G20 ထိပ်သီး အစည်းအဝေး ပထမနေ့ အလုပ်အဖွဲ့ အစည်းအဝေးများအပြီး၌ အကြမ်းဖက်မှု ဆန့်ကျင်တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန်နှင့် ဘဏ္ဍာရေး ကိစ္စရပ်များအတွက် ဇူလိုင်လ ၇ ရက်တွင် G20 ခေါင်းဆောင်များက ကတိသစ္စာပြုလိုက်ကြောင်း သိရသည်။

ဇူလိုင်လ ၇ ရက်က ထုတ်ပြန်ခဲ့သည့် ကြေညာချက်အရ G20 ခေါင်းဆောင်များက ကုလသမဂ္ဂ (UN) ၏ ပဋိဉာဉ်စာတမ်းနှင့် နိုင်ငံတကာ ဥပဒေ တာဝန်များနှင့်အညီ အကောင်အထည်ဖော်ကာ အကြမ်းဖက်မှု တိုက်ဖျက်ရေးများအားလုံး လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ထပ်လောင်း ပြောကြားခဲ့သည်။

အထူးသဖြင့် သတင်းအချက်အလက် ဖလှယ်ရေး ပိုမို မြန်ဆန်ခြင်းနှင့် အင်တာပို၏ သတင်းအချက်အလက် မျှဝေရေးလုပ်ငန်းများ အပါအဝင် ဆက်စပ်သော သတင်းအချက်အလက် မျှဝေရေး လုပ်ထုံးလုပ်နည်းများအား အပြည့်အဝ အသုံးပြုသွားရန် G20 ခေါင်းဆောင်များက သဘောတူခဲ့ကြသည်။

အကြမ်းဖက်မှုဆိုင်ရာ ဘဏ္ဍာရေးနှင့် ပတ်သက်၍လည်း အကြမ်းဖက်သမားများ၏ ဘဏ္ဍာရေး ချန်နယ်များ၊ နည်း၊ နည်းပညာများနှင့် အရင်းအမြစ်များအားလုံးကို ထိန်းချုပ်ကိုင်တွယ်ရန် ကတိပြုကြောင်း၊ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ ဆုံးဖြတ်ချက်များနှင့် ကမ္ဘာလုံးဆိုင်ရာ ငွေကြေးလုပ်ဆောင်မှု စံနှုန်း (Financial Action Task Force- FATF) အတိုင်း လျင်မြန် ထိရောက်စွာ အကောင်အထည်ဖော်သွားမည် ဖြစ်ကြောင်းနှင့် နိုင်ငံတကာ အကြမ်းဖက်သမား အဖွဲ့အစည်းများ ဆန့်ကျင်တိုက်ဖျက်ရာတွင် ခိုင်မာစွာ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း G20 ခေါင်းဆောင်များက အခိုင်အမာ ပြောကြားခဲ့သည်။

ဂျာမနီနိုင်ငံမှ ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ကျင်းပသည့် G20 ထိပ်သီး အစည်းအဝေး၌ ဇူလိုင်လ ၇ ရက်တွင် အကြမ်းဖက်မှုဆိုင်ရာ ကိစ္စရပ်များအပါအဝင် ကမ္ဘာ့ စီးပွားရေး တိုးတက်မှု၊ ကုန်သွယ်ရေးနှင့် ရာသီဥတု ပြောင်းလဲရေး စသည့် အကြောင်းအရာများ ဆွေးနွေးခဲ့ကြပြီး ဇူလိုင်လ ၈ ရက်တွင်မူ အာဖရိကနှင့် မိတ်ဖက် ဆက်ဆံရေး၊ ရွှေ့ပြောင်းသွားလာရေးနှင့် ကျန်းမာရေးဆိုင်ရာများ ဆက်လက် ဆွေးနွေးသွားမည် ဖြစ်သလို တရားဝင် ကြေညာချက် တစ်စောင် ထုတ်ပြန်မည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.