Connect with us

Europe

အီးယူမှ ဗြိတိန် နှုတ်ထွက်ခြင်းကို ထောက်ခံကြောင်း ဗြိတိသျှစစ်တပ်အကြီးအကဲဟောင်းပြော

ဘရက်ဆဲပ်မြို့ရှိ ဥရောပသမဂ္ဂ (EU) ဌာနချုပ်၌ အီးယူအလံများကြားတွင် ဗြိတိန်နိုင်ငံ အလံအားတွေ့ရစဉ် (ဆင်ဟွာ)

လန်ဒန် ၊ ဇွန် ၁၉ ရက် (ဆင်ဟွာ)

ဘယ်ဂျီယံနိုင်ငံက ဥရောပသမဂ္ဂတပ်ဖွဲ့ဝင်များအား ဦးဆောင်မှု အခန်းကဏ္ဍရယူနိုင်ရန် ဖန်တီးနေသည့် ကိစ္စရပ်အပေါ် စိုးရိမ်သည့်အတွက် လာမည့်ရက်သတ္တပတ်တွင် ကျင်းပရန်ရှိသည့် ဥရောပသမဂ္ဂ ( EU )မှ ဗြိတိန်နိုင်ငံ နှုတ်ထွက်ခြင်းဆိုင်ရာ ဆန္ဒခံယူပွဲတွင် မိမိအနေဖြင့် နှုတ်ထွက်ခြင်းအဆိုကို ထောက်ခံသွားမည်ဖြစ်ကြောင်း ဗြိတိသျှ စစ်တပ်အကြီးအကဲ(ဟောင်း) က ထုတ်ဖော်ပြောဆိုလိုက်သည်။

ဥရောပသမဂ္ဂမှ ဗြိတိနိုင်ငံနှုတ်ထွက်ရေး ဆန္ဒခံယူပွဲ၌ နိုင်ငံအပေါ်ထားသော သစ္စာတရားကို စောင့်သိရိုသေသောအားဖြင့် နှုတ်ထွက်ရေး စက်ခလုတ်ကို မဖြစ်မနေနှိပ်သွားမှာပါ ဟု ဗြိတိသျှ စစ်တပ်အကြီးအကဲဟောင်း Lord Charles Guthrie က Daily Telegraph သတင်းဌာနသို့ဇွန် ၁၈ ရက်က ပြောကြားသည်။ကာကွယ်ရေးဖက်တွင် အီးယူ၏ အခန်းကဏ္ဍတိုးတက်လာခြင်းအပေါ် စိုးရိမ်မိသည့်အတွက် ၎င်း၏ စိတ်များပြောင်းလဲသွားခဲ့ရခြင်းဖြစ်ကြောင်း Guthrie ကဆိုသည်။

“ အီးယူတပ်ဖွဲ့က နေတိုးတပ်ဖွဲ့ကိုဖျက်ဆီးပစ်လိုက်နိုင်တယ်လို့ကျနော်ထင်တယ်။ ဒါဟာသိပ်ကို အရေးကြီးပါတယ်။ ဒီနေရာမှာ စစ်တပ်နှစ်ခု ရှိနေဖို့မလိုအပ်ပါဘူး။ ဒီလို ရှိနေလို့ဥရောပရဲ့ အချို့နိုင်ငံတွေမှာ အရေးမပါတဲ့ ကိစ္စတွေ ဖြစ်သွားစေတယ်” ဟု ၎င်းက ဆက်ပြောသည်။

ထို့ပြင် “ ဥရောပတပ်ဖွဲ့ဟာ စစ်တပ်တစ်ခုတည်းပေါင်းစည်းဖြစ်ပေါ်စေရေးရည်မှန်းချက်ထက် နိုင်ငံရေး အကြောင်းတရားအတွက်ပဲ လုပ်နေကြတယ် ။ ဒါဟာ အန္တရာယ်ရှိပါတယ်။ ဒါဟာ နေတိုးတပ်ဖွဲ့ကို ပြိုင်ဖက်လိုသဘောထားပြီး ပျက်စားရာပျက်စီးကြောင်းလုပ်နေတဲ့လက္ခဏာမျိုးပါပဲ။ ကျနော် ၄၅ နှစ်လောက် တာဝန်ထမ်းဆောင်ခဲ့တဲ့ စစ်တပ်ကြီးပျက်စီးသွားမှာကို စိုးရိမ်တယ်။ ဒါကြောင့် အဲဒီ ဥရောပတပ်ဖွဲ့ဟာ ကျနော်တို့နိုင်ငံအတွက် သိပ်ပြီး အသုံးမဝင်ပါဘူး” ဟု Guthrie ကဆက်ပြောသည်။ (Xinhua)