Connect with us

Europe

ဗြိတိန်ဝန်ကြီးချုပ်က လွှတ်တော်တွင် Brexit သဘောတူညီချက်ကို မဲခွဲဆုံးဖြတ်ရန် အချိန်ထပ်မံရွှေ့ဆိုင်း

ဥရောပသမဂ္ဂရုံးချုပ်တွင် ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေအား တွေ့ရစဉ်(ဆင်ဟွာ)

လန်ဒန်၊ ဖေဖော်ဝါရီ ၂၅ ရက်(ဆင်ဟွာ)

Brexit သဘောတူညီချက်ကို အောက်လွှတ်တော်တွင် နောက်ဆုံးမဲခွဲဆုံးဖြတ်ရန် အချိန်ကိုရွှေ့ဆိုင်း လိုက်ပြီဖြစ်ရာ မဲခွဲဆုံးဖြတ်မှုကို မတ်လ ၁၂ ရက်မတိုင်မီ ကျင်းပမည်ဖြစ်ကြောင်း ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေက ဖေဖော်ဝါရီ ၂၄ ရက်တွင် ပြောကြားခဲ့သည်။

လက်ရှိတွင် ဥရောပသမဂ္ဂနှင့်ဆွေးနွေးညှိနှိုင်းမှုများကို ပြုလုပ်နေဆဲဖြစ်ကြောင်း ၊ ဗြိတိန်အနေဖြင့် နဂိုစီစဉ်ထားသည့် မတ်လ ၂၉ ရက်တွင် ဥရောပသမဂ္ဂမှ နုတ်ထွက်ရန် ဖြစ်နိုင်ချေ ပိုများကြောင်း ထရီဇာမေက ဆိုသည်။

အတိုက်အခံ လေဘာပါတီခေါင်းဆောင် Jeremy Corbynက ထရီဇာမေ၏ Brexit သဘောတူညီချက် မဲခွဲဆုံးဖြတ်မှုကို ရွှေ့ဆိုင်းခြင်းသည် အလဟဿ အချိန်ဖြုန်းနေခြင်းသာ ဖြစ်ကြောင်း ဝေဖန် ပြောဆိုထားသည်။ Brexitသဘောတူညီချက်၏ဒုတိယအကြိမ်မဲခွဲဆုံးဖြတ်မှုကို ဗြိတိန်အောက် လွှတ်တော်အနေဖြင့် နဂိုမူလက ဖေဖော်ဝါရီ ၂၇ ရက်တွင် ဆောင်ရွက်မည်ဟု သတ်မှတ်ထား ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.