Connect with us

Europe

အီတလီ ရဲတပ်ဖွဲ့က နိုင်ငံတကာ မူးယစ်ဆေးဝါး ကွန်ရက် တိုက်ဖျက်ရေး လုပ်ဆောင်ရာတွင် တရားခံ ၃၈ ဦး အား ဖမ်းမိ

အီတလီ ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့သည့် အယ်လ်ဘေးနီးယားမှ မူးယစ်ဆေးဝါးများအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

တီရာနာ၊ မေ ၂၈ ရက် (ဆင်ဟွာ)

အီတလီ ရဲတပ်ဖွဲ့သည် နိုင်ငံတကာ မူးယစ်ဆေးဝါး ရောင်းဝယ်မှု ကွန်ရက် တစ်ခုအား နိုင်ငံတကာ ရဲတပ်ဖွဲ့ဖြင့် စီးနင်းဖျက်ဆီးနိုင်ခဲ့ပြီး အယ်လ်ဘေးနီးယား နိုင်ငံသား ၃၁ ဦး အပါအဝင် တရားခံ ၃၈ ဦးအား ဖမ်းဆီးနိုင် ခဲ့ကြောင်း အယ်လ်ဘေးနီးယား ရဲတပ်ဖွဲ့က မေလ ၂၇ ရက်တွင် အတည်ပြု ပြောကြားခဲ့သည်။

စီးနင်းမှု အတွင်း ဘိန်းဖြူနှင့် ကိုကင်း စုစုပေါင်း ၁၃၀ ကီလိုဂရမ် နှင့် ငွေသား ယူရို ၃၀၀,၀၀၀ ကို သိမ်းဆည်း ရမိခဲ့ကြောင်း အယ်လ်ဘေးနီးယား နိုင်ငံ ရဲတပ်ဖွဲ့ ဒုတိယ အထွေထွေ ညွှန်ကြားရေးမှူး Ardian Cipa က ပြောကြားခဲ့သည်။

Ardian က စုံစမ်းထောက်လှမ်းမှုများကို အီတလီ မြောက်ပိုင်းနှင့် အယ်လ်ဘေးနီးယားတို့ နှင့် ဆက်နွယ်သည့် ရဇဝတ်ဂိုဏ်း တစ်ခုအား အာဏာပိုင်များက ဖော်ထုတ်ခဲ့သည့် ၂၀၁၄ ခုနှစ် နောက်ပိုင်း မှစ၍ ပြုလုပ်ခဲ့ကြောင်း ပြောကြား ခဲ့သည်။

စုံစမ်း ထောက်လှမ်းမှုများ ပြုလုပ်နေစဉ် အတောအတွင်း အီတလီ ရဲတပ်ဖွဲ့သည် အယောင်ဆောင် မော်တော် ယာဉ်များဖြင့် မူးယစ်ဆေးဝါး သယ်ဆောင်သူနှင့် ထောက်ပံ့ပေးသူ အယ်လ်ဘေးနီးယား နိုင်ငံသားများကို ခွဲခြား ဖော်ထုတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ရာဇဝတ် ဂိုဏ်းသည် စပိန်၊ အီတလီ၊ နယ်သာလန် နှင့် ဘယ်လ်ဂျီယံ နိုင်ငံများသို့ မူးယစ်ဆေးဝါးများ မှောင်ခိုတင်သွင်းကြကာ ၎င်းတို့သည် မူးယစ်ဆေးဝါးများ ရောင်းချခြင်းမှ ရရှိသည့် ငွေကြေးများကို အယ်လ်ဘေးနီးယားနိုင်ငံသို့ ထရပ်ကား (သို့) ဘတ်စ်ကားများ ဖြင့် သယ်ဆောင် ခဲ့ကြကြောင်း တာဝန်ရှိသူက ပြောကြားသည်။ (Xinhua)