Connect with us

Europe

အင်္ဂလန်ရှိစက်ရုံတစ်ရုံတွင် မီးအကြီးအကျယ်လောင်ကျွမ်း

ဗြိတိန်နိုင်ငံ၊ ပီတာဘိုးရပ်မြို့ရှိ ရှရူးစ်ဗျူရီ ရိပ်သာတွင် ဂိုထောင်တစ်ခု သြဂုတ်လ ၂၉ ရက် ကမီးလောင်ကျွမ်းနေစဉ် (အင်တာနက်)

လန်ဒန်၊ သြဂုတ်လ ၃၀ ရက်(ဆင်ဟွာ)

ဗြိတိန်နိုင်ငံ၊အင်္ဂလန်၊ ပီတာဘိုးရပ်မြို့တွင် စက်ရုံတစ်ခု၌ သြဂုတ်လ ၂၉ ရက်ည ၇ နာရီကမီးအကြီး အကျယ်လောင်ကျွမ်းခဲ့ကြောင်းသိရသည်။ ပီတာဘိုးရပ်မြို့ရှိ ရှရူးစ်ဗျူရီ ရိပ်သာတွင် ဂိုထောင်တစ်ခု မှမီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲသံများကိုလည်း မီးလောင်မှုအတွင်းကြားရကြောင်းသိ ရသည်။

ပီတာဘိုးရပ်မြို့ က ကမ်းဘရစ်ရှိုင်းယားနယ်မြေရှိ ဘုရားရှိခိုးကျောင်းမြို့တစ်မြို့ဖြစ်ပြီးမီးသတ်တပ်ဖွဲ့ ကမီးလောင်နေစဉ် ထိုနေရာအားရှောင်ရှားသွားလာကြရန်နှင့် မိမိတို့အိမ်များ၏တံခါးများနှင့်ပြူတင်း ပေါက်များကိုပိတ်ထားကြရန် ဒေသခံပြည်သူများအား တွစ်တာမှ သတင်းပေးပြောကြားခဲ့သည်။ (Xinhua)