Connect with us

Europe

လန်ဒန်မြို့၌ သံသယဖြစ်ဖွယ် ဗုံး ၂ လုံးတွေ့ရှိ ၊ အကြမ်းဖက်မှုဟုဆို

လန်ဒန်မြို့ ၌ သံသယဖြစ်ဖွယ် ဗုံးတွေ့ ရှိပြီးနောက် လုံခြုံရေးတပ်ဖွဲ့ ဝင်များအားတွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်)

လန်ဒန် ၊ နိုဝင်ဘာ ၂၂ ရက်(ဆင်ဟွာ)

အင်္ဂလန်နိုင်ငံလန်ဒန်မြို ့အနောက်မြောက်ပိုင်းရှိ တိုက်တန်းလျားတစ်လုံးတွင် ဖောက်ခွဲရေး ပစ္စည်း နှစ်ခု ရှာဖွေတွေ့ရှိခဲ့ပြီးနောက် ရဲတပ်ဖွဲ့က အကြမ်းဖက်တိုက်ခိုက်ရန် ကြံစည်မှုအဖြစ် အမှုဖွင့်ခဲ့ကြောင်း ဒေသမီဒီယာက နိုဝင်ဘာ ၂၁ ရက်တွင် ဖော်ပြခဲ့သည်။

အဆိုပါသံသယဖြစ်ဖွယ် ဗုံးနှစ်လုံးကို Craven ပန်းခြံအတွင်းရှိ တိုက်တန်းလျားတစ်လုံးတွင် နိုဝင်ဘာ ၂၁ ရက် နံနက်ပိုင်းတွင် ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ပြီး ယင်းမှာ ဖောက်ခွဲရေးပစ္စည်း(IEDs) ဖြစ်နိုင်ကြောင်း Daily Mail သတင်းစာ၏ အွန်လိုင်းစာမျက်တွင် ရေးသားဖော်ပြခဲ့သည်။

ဗုံးနှစ်လုံးကို ဘေးကင်းစွာ ဖယ်ရှားနိုင်ခဲ့ကြောင်း နှင့် ယင်းဗုံးများကို အဆောက်အအုံနှင့်ဝေးရာသို့ယူဆောင်သွားပြီး စစ်ဆေးအဖြေထုတ်ရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သတင်းက ဆိုသည်။

အဆိုပါ တိုက်တန်းလျားမှာ အသစ်ပြန်လည် ပြင်ဆင်နေဆဲ အဆောက်အုံဖြစ်ကြောင်း နှင့် လန်ဒန်ရဲတပ်ဖွဲ့၏ အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေးအဖွဲ့က စုံစမ်းစစ်ဆေးမှုတစ်ခုပြုလုပ်နေစဉ်အတွင်း ကယ်ဆယ်ရေးလုပ်ဆောင်ခဲ့ရကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.