Connect with us

Europe

၂၀၁၈ ခုနှစ် တွင် ပြင်သစ် နိုင်ငံ ၌ လူပေါင်း တစ်သိန်းကျော် တရုတ် စာပေ အား လေ့လာသင်ယူ

ပြင်သစ် နိုင်ငံ ရှိ တရုတ် ဘာသာစကား အား လေ့လာသင်ယူသူ တစ်ဦး အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ပဲရစ် ၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ)

ပြင်သစ် နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး ပညာရေး ဌာန သံမှူး ရန်ကျင့် (Yang Jin) က တရုတ်-ပြင်သစ် နှစ်နိုင်ငံ ကောင်းမွန်သည့် ဆက်ဆံရေး ၏ တွန်းအားကြောင့် ပြင်သစ် နိုင်ငံ တွင် တရုတ် စာပေ လေ့လာသင်ယူမှု သည် တဖြည်းဖြည်း ခေတ်စားလာခဲ့ပြီး ၂၀၁၈ ခုနှစ် တွင် ပြင်သစ် နိုင်ငံ ၌ လူပေါင်း ၁၁၀,၀၀၀ ကျော် တရုတ် စာပေ အား လေ့လာသင်ယူခဲ့ကြောင့် လတ်တလောရက်ပိုင်း အတွင်း ပြောကြား ခဲ့သည်။

၂၀၁၉ ခုနှစ် ပြင်သစ် တစ်နိုင်ငံလုံးဆိုင်ရာ ပညာတော်သင် အလုပ်ရုံ ဆွေးနွေးပွဲ အား ၂၃ မှ ၂၄ ရက် အထိ ပြင်သစ် နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး ပညာရေး ဌာန တွင် ကျင်းပ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး သံမှူး က အထက်ပါ အကြောင်းအရာ အား ယင်းအစည်းအဝေး တွင် ပြောကြား ခဲ့ခြင်း ဖြစ်သည်။

သံမှူး ရန်ကျင့် က ၁၀ နှစ်တာ ကာလ အတွင်း ပြင်သစ် နိုင်ငံ အစိုးရ က ကျောင်းပေါင်း ၄၆ ကျောင်း တွင် တရုတ် ဘာသာ နိုင်ငံတကာ သင်တန် အား ဖွင့်လှစ်ပေးခဲ့ပြီး ပြင်သစ် နိုင်ငံ အထက်တန်း နှင့် အလယ်တန်း ကျောင်း များတွင် ဖွင့်လှစ်ခဲ့သည့် ဘာသာစကား ၁၇ မျိုး ရှိသည့် နိုင်ငံတကာ သင်တန်းများ အနက် တရုတ် ဘာသာ သင်တန်းက တတိယ အများဆုံးဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ပြင်သစ် နိုင်ငံ သည် ဥရောပ နိုင်ငံများ အနက် တရုတ် ဘာသာ အား အမျိုးသား သင်ရိုးညွှန်းတမ်း တွင် ထည့်သွင်းခဲ့သည့် အစောဆုံးသော နိုင်ငံ တစ်နိုင်ငံ အပါအဝင် ဖြစ်ကြောင်း ၊ လက်ရှိချိန်တွင် ပြင်သစ် နိုင်ငံ ၌ ကွန်ဖြူးရှပ် စာသင်ကျောင်း ၁၆ ကျောင်း နှင့် ကွန်ဖြူးရှပ် သင်တန်း ၂ ခု တို့ က ဒေသတွင်း တရုတ် စာပေ ပြန့်ပွားရေး အတွက် အရေးပါသည့် ပေါင်းကူးတံတား ဖြစ်လာ ခဲ့ကြောင်း သိရှိရသည်။(Xinhua)