Connect with us

Europe

၂၀၁၅ ခုနှစ်အတွင်း အကောင်းဆုံး ဘောလုံး ကစားသမား ၁၀ ဦး စာရင်းတွင် မက်ဆီ ဦးဆောင်

စပိန် သတင်းစာ Marca က ရွေးချယ်ခဲ့သော ၂၀၁၅ ခုနှစ် အကောင်းဆုံး ဘောလုံး ကစားသမား ၁၀ ဦး အား တွေ့ရစဉ် (ဆင်ဟွာ)

မက်ဒရစ်၊ ဒီဇင်ဘာ ၂၆ ရက် (ဆင်ဟွာ)

စပိန် သတင်းစာ Marca က ဒီဇင်ဘာလ ၂၅ ရက်က ထုတ်ပြန်သည့် ၂၀၁၅ ခုနှစ်အတွင်း အကောင်းဆုံး ကစား သမား ၁၀ ဦး စာရင်းတွင် အာဂျင်တီးနား ဘောလုံး ကစားသမားလည်း ဖြစ်၊ ဘာစီလိုနာ ကစားသမားလည်း ဖြစ်သူ လီယို မက်ဆီက နံပါတ် ၁ နေရာ၌ ရှိနေပြီး ပေါ်တူဂီ ကစားသမား ခရစ္စတီယာနို ရော်နယ်လ်ဒိုက နံပါတ် ၈ နေရာမှာ ရှိကြောင်း သိရသည်။

၂၀၁၅ ခုနှစ်သည် ဘာစီလိုနာ ဘောလုံးအသင်း၏ နှစ်ဖြစ်ကြောင်း မငြင်းပယ်နိုင်ပေ။ ဘာစီလိုနာ အသင်း မန်နေဂျာ Luis Enrique သည်လည်း ယခုနှစ်အတွင်း အကောင်းဆုံး ကလပ်အသင်းအား ဦးဆောင်နိုင်ခဲ့သည်။

ထို့ပြင် ဘာစီလိုနာ အသင်းသည် Copa del Rey, ဥရောပ စူပါကပ်၊ လာလီဂါ၊ ချန်ပီယံလိဂ်နှင့် ဖီဖာ ကလပ် ကမ္ဘာ့ဖလား စသည့် ဖလား ဆုများအား ဆွတ်ခူးနိုင်ခဲ့သည်။

ရလဒ်များအရ ရီးယဲမက်ဒရစ် ဘောလုံးကစား သမား အကျော်အမော် ခရစ္စတီယာနို ရော်နယ်လ်ဒို က နံပါတ် ၈ နေရာတွင် ရှိပြီး ဘာစီလိုနာ အသင်း ကွင်းလယ် ကစားသမား ဆာဂျီရို ဘတ်စကွက်စ် (Sergio Busquets) က နံပါတ် ၆ နေရာတွင် ရှိနေသည်။

ထို အကောင်းဆုံး ကစားသမား ၁၀ ဦးစာရင်းတွင် စပိန် ကစားသမား မဟုတ်သူ နှစ်ဦးသာ ပါရှိ၍ ဘာစီလိုနာ အသင်း၏ ကစားသမား ခြောက်ဦး ပါဝင်ကြောင်း သိရသည်။

Marca သတင်းစာ၏ အကောင်းဆုံး ကစားသမား ၁၀ ဦးစာရင်းမှာ-
(၁) လီယို မက်ဆီ (ဘာစီလိုနာ)
(၂) Neymar (ဘာစီလိုနာ)
(၃) Luis Suarez (ဘာစီလိုနာ)
(၄) Anders Iniesta (ဘာစီလိုနာ)
(၅) Robert Lewandowski (ဘိုင်ယန်မြူးနစ်)
(၆) Sergio Busquets (ဘာစီလိုနာ)
(၇) Claudio Bravo (ဘာစီလိုနာ)
(၈) ခရစ္စတီယာနို ရော်နယ်လ်ဒို (ရီးယဲမက်ဒရစ်)
(၉) Antoine Griezmann (အယ်လီတီကို မက်ဒရစ်= Atletico Madrid)
(၁၀) Paul Pogba (ဂျူဗင်တပ်စ်= Juventus) စသည်တို့ ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.