Connect with us

Europe

တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့ လေဆိပ် တွင် ပေါက်ကွဲမှုကြောင့် နှစ်ဦး ဒဏ်ရာရရှိ

အစ္စတန်ဘူလ်မြို့ ရှိ ဆာဘီဟ ဂေါ့ခ်ဆန် အပြည်ပြည်ဆိုင်ရာ လေဆိပ်အားမြင်တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)

အစ္စတန်ဘူလ်၊ ဒီဇင်ဘာ ၂၃ ရက် (ဆင်ဟွာ)

တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့ရှိ ဆာဘီဟ ဂေါ့ခ်ဆန် (Sabiha Gokcen) အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ဒီဇင်ဘာလ ၂၃ ရက်နေ့က ပေါက်ကွဲမှုတစ်ရပ် ကြောင့် သန့်ရှင်းရေးဝန်ထမ်း ၂ ဦး ထိခိုက် ဒဏ်ရာရ ရှိခဲ့ကြောင်း ဒေသခံ တာဝန်ရှိသူများက ပြောကြားခဲ့သည်။

အစ္စတန်ဘူလ်မြို့ အုပ်ချုပ်ရေးမှူး ဗာဆစ် ဆဟင်း (Vasip Sahin) က လေယာဉ်များ ရပ်ထားသည့် ဧရိယာတွင် ဒေသ စံတော်ချိန် နံနက် ၂ နာရီခန့် ၌ အမည်မသိ ပေါက်ကွဲမှု တစ်ခုဖြစ်ပွားခဲ့ကြောင်း ပြောကြားခဲ့သည်။

ပေါက်ကွဲမှုကြောင့် Turkish Pegasus လေကြောင်းလိုင်းပိုင် လေယာဉ်အနီးရှိ သန့်ရှင်းရေး ဝန်ထမ်းနှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ဆေးရုံသို့ပို့ဆောင်ထားကြောင်း Pegasus လေကြောင်းလိုင်း ၏ ထုတ်ပြန်ချက်အရ သိရသည်။

ပေါက်ကွဲမှု ဖြစ်စဉ် အကြောင်းရင်းကိုမူ မသိရှိသေးကြောင်း သိရသည်။

ရဲတပ်ဖွဲ့ဝင်များ နှင့် မီးသတ်ကားများ အား လေဆိပ်သို့ စေလွှတ်ထားပြီး အခင်းဖြစ်ပွားရာ နေရာ၌ လုံခြုံရေး တင်းတင်းကျပ်ကျပ် ချထားကြောင်းသိရသည်။

အခင်းဖြစ်ပွားရာ နေရာတွင် ပြောင်းရှည် သေနတ်များ ကိုင်ဆောင်ထားသော အထူးတပ်ဖွဲ့များသည် ရဟတ်ယာဉ်များဖြင့် လှည့်လည် ရှာဖွေလျက် ရှိကြောင်းသိရသည်။ (Xinhua)