Connect with us

Europe

ရုရှားနိုင်ငံ စိန့်ပီတာစဘတ်ရှိ အဆောက်အဦတစ်ခု တစ်စိတ်တစ်ပိုင်းပြိုကျမှုဖြစ်ပွား


မော်စကို၊ ဖေဖော်ဝါရီ ၁၇ ရက်(ဆင်ဟွာ)

ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့ရှိ ၅ ထပ်အဆောက်အဦတစ်ခု ဖေဖော်ဝါရီ ၁၆ ရက်က တိုက်ခေါင်မိုးနှင့်ကြမ်းခင်းအစိတ်အပိုင်းအချို့ပြိုကျမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ၅ ထပ်အဆောက်အဦမှာ တက္ကသိုလ်ကျောင်းအဆောက်အဦဖြစ်ကြောင်း ၊ အဆောက်အဦ၏ ခေါင်မိုးနှင့်ကြမ်းခင်းပြိုကျမှုဖြစ်ပွားသည့် မျက်နှာပြင် ဧရိယာသည် ၁၅၀ စတုရန်းမီတာခန့် ရှိကြောင်း ရုရှားအရေးပေါ်ဌာန အရာရှိတစ်ဦးက ဆိုသည်။ အချင်းဖြစ်သည့် အချိန်တွင် အဆောက်အဦအတွင်း ပြင်ဆင်မွမ်းမံမှုလုပ်နေကြောင်း ၊အချို့အထပ်များတွင် စာသင်ကြားလျက်ရှိကြောင်း သိရသည်။

အဆောက်အဦပြိုကျသည့် အချင်းဖြစ်နေရာတွင် ကယ်ဆယ်ရေးသမားများအား တွေ့ရစဉ်(ဆင်ဟွာ)

အဆောက်အဦပြိုကျသည့် အချင်းဖြစ်နေရာတွင် ကယ်ဆယ်ရေးသမားများအား တွေ့ရစဉ်(ဆင်ဟွာ)

အဆောက်အဦပြိုကျသည့် အချင်းဖြစ်နေရာတွင် ကယ်ဆယ်ရေးသမားများအား တွေ့ရစဉ်(ဆင်ဟွာ)

အချင်းဖြစ်ပွားမှုတွင် သေဆုံးဒဏ်ရာရမှုများမရှိကြောင်း ၊အဆောက်အဦအတွင်းရှိ ဆရာဆရာမ၊ ကျောင်းသားကျောင်းသူနှင့်အလုပ်သမားများအပါအဝင် လူ ၈၀ ကျော်ကို ဘေးကင်းရာနေရာသို့ ရွှေ့ပြောင်းပေးထား ကြောင်း ရုရှားအရေးပေါ်ဌာန အရာရှိက ဆိုသည်။

အချင်းဖြစ်ပွားမှုတွင် လူ ၂၀ ခန့်ပိတ်မိနိုင်ကြောင်း အစောပိုင်း ဒေသခံမီဒီယာများ၏ သတင်းများက ဆိုသည်။

အဆောက်အဦတည်ဆောက်ရာတွင် လုံခြုံရေးသတ်မှတ်ချက်များ ချိုးဖောက်မှုရှိမရှိကို ရုရှား စုံစမ်း စစ်ဆေးရေးကော်မတီက အမှုဖွင့်စစ်ဆေးနေပြီဖြစ်ကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.