Connect with us

Europe

ဆီးရီ်းယားတွင် ဂျီဟတ်စစ်ပွဲ ဆင်နွှဲရန် ကြိုးစားသူ ခြောက်ဦးအား ပြင်သစ် ရဲတပ်ဖွဲ့မှ ဖမ်းဆီး

ပြင်သစ်နိုင်ငံ၊Saint-Denis မြို့တွင် ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၁၈ရက်နေ့ ၌ အကြမ်းဖက်မှု ဖြစ်ပွားပြီး ရဲတပ်ဖွဲ့များရောက်ရှိလာစဉ် (ဆင်ဟွာ)

ပဲရစ်၊ ဖေဖော်ဝါရီ ၃ ရက် (ဆင်ဟွာ)

ဆီးရီ်းယားသို့သွားရောက်ကာ အစွန်းရောက် အုပ်စုများနှင့် ပူးပေါင်းပြီး ဂျီဟတ်စစ်ပွဲ ဆင်နွှဲရန် ကြိုးစားသူ ခြောက်ဦးအား ပြင်သစ်နိုင်ငံ အရှေ့အလယ်ပိုင်းရှိ Rhone department တွင်ဖမ်းဆီးမိခဲ့ကြောင်း ပြည်တွင်း မီဒီယာ တစ်ခု က ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ဖော်ပြခဲ့သည်။

ပြင်သစ် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဌာန က ဖေဖော်ဝါရီလ မနက်အစောပိုင်းတွင် အမျိုးသား ငါးဦး နှင့် အမျိုးသမီးတစ်ဦး အား ဆီးရီးယားသို့ မထွက်ခွာမီ ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း ပြင်သစ်နိုင်ငံ အစိုးရရှေ့နေရုံးက France TV info သို့ပြောကြားခဲ့သည်။

ယခု လက်ရှိတွင် ၎င်းတို့အား ချုပ်နှောင်ထားကြောင်း သိရသည်။

၎င်းတို့အနက် အချို့သည် လိင်အသားပေးဖျော်ဖြေသည့် ကလပ်များကို ပစ်မှတ်ထား တိုက်ခိုက်ရန် အတွက် လက်နက်များ ရရှိရန်ဆောင်ရွက်ခဲ့ကြကြောင်း ရှေ့နေရုံး ၏ပြောကြားချက်အရ သိရသည်။

ပြင်သစ်နိုင်ငံ အရှေ့အလယ်ပိုင်းရှိ မတူညီသော နေရာအသီးသီးတွင် ရှာဖွေမှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

တရားဝင် အချက်အလက်များအရ ပြင်သစ်လူမျိုး နှင့် ပြင်သစ်နိုင်ငံတွင် နေထိုင်သူ ၁၃၀၀ ကျော် ဆီးရီးယား ပြည်တွင်းစစ် (သို့) အခြား စစ်ပွဲဖြစ်ပွားနေသည့် နိုင်ငံများသို့ သွားရောက် တိုက်ခိုက်ရန် စီစဉ်ခဲ့ကြကြောင်းသိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117