Connect with us

Europe

လစ်ဗျားနိုင်ငံသို့လက်နက်တင်ပို့နေခြင်းကို မြေထဲပင်လယ်ထဲတွင် တားဆီးခွင့်ပေးရန် လုံခြုံရေး ကောင်စီအား EU တောင်းဆို

EU နိုင်ငံခြားရေးနှင့် လုံခြုံရေး မူဝါဒဆိုင်ရာ အဆင့်မြင့် အထူးကိုယ်စားလှယ် Federica Mogherini က ဇွန်လ ၆ ရက်တွင် ကုလသမဂ္ဂ ဌာနချုပ်၌ မိန့်ခွန်း ပြောကြားနေစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ ၊ ဇွန် ၇ ရက် (ဆင်ဟွာ)

ဥရောပသမဂ္ဂ (EU) သည် မြေထဲပင်လယ်ကို ဖြတ်၍ လစ်ဗျားနိုင်ငံသို့လက်နက် တင်ပို့နေသည့် မှောင်ခိုလှေများကို EU ရေတပ်ဖွဲ့များက ကြားဝင် ဟန့်တားခွင့် ပြုရန် ကုလသဂ္ဂ လုံခြုံရေး ကောင်စီ အား ဇွန်လ ၆ ရက်တွင် တောင်းဆိုလိုက်သည်။

EU နိုင်ငံခြားရေးနှင့်လုံခြုံရေး မူဝါဒဆိုင်ရာ အဆင့်မြင့် အထူးကိုယ်စားလှယ် Federica Mogherini က Sophia စစ်ဆင်ရေး ခွင့်ပြုမိန့်ဆုံးဖြတ်ချက် အတိုင်း လူဗျားနိုင်ငံမှ လူကုန်ကူးမှုများ နှင့် လစ်ဗျား ကမ်းခြေတစ်လျှောက် ပင်လယ်နက်ထဲတွင် သွားလာနေသည့် စစ်လက်နက်တင် သင်္ဘောများကို EU တပ်ဖွဲ့ဝင်များအား ရှာဖွေခွင့်ပြုရန် လုံခြုံရေး ကောင်စီအဖွဲ့ဝင် ၁၅ နိုင်ငံသို့ တောင်းဆိုလိုက်ခြင်း ဖြစ်သည်။
“ အရေးယူမှုနဲ့ပတ်သက်ပြီး အီးယူအဖွဲ့က ရွေးချယ်လိုက်တဲ့ နည်းလမ်းတစ်ခုပါ။ အားလုံးအတွက် အကျိုးရှိမယ့် အကောင်းဆုံး လုပ်ဆောင်ချက် ဖြစ်သလို ကုလသမဂ္ဂ အဖွဲ့ကြီးနဲ့အမြဲပူးပေါင်း ဆောင်ရွက်သွားမှာပါ ” ဟု Mogherini က ဆိုသည်။
မြေထဲပင်လယ်ကို ဖြတ်၍ ရွှေ့ပြောင်းအခြေချသူ လျော့ပါးရေးနှင့် လူကုန်ကူးမှု တားဆီးရေးအတွက် ၂ဝ၁၅ ခုနှစ်တွင် အီးယူ တပ်ဖွဲ့ဝင်များက ရေတပ် စစ်ဆင်ရေးများ ပြုလုပ်ခဲ့သည်။ လစ်ဗျားနိုင်ငံမှ လူကုန်ကူးမှုများကို ကာကွယ် တားဆီးရန်အတွက် မှောင်ခိုလှေများအား EU အပါအဝင် သက်ဆိုင်ရာက ရှာဖွေ တားဆီးခွင့်ဆိုင်ရာ ကုလသဂ္ဂ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်ကို ၂ဝ၁၅ ခုနှစ် အောက်တိုဘာလတွင် ပြဌာန်းခဲ့သည်။
မြောက်အာဖရိကတိုက်၏ အဓိက ရေနံထုတ်လုပ်သည့် လစ်ဗျားနိုင်ငံသည် ၂ဝ၁၁ ခုနှစ်တွင် အာဏာရှင်ဟောင်း ကဒတ်ဖီးအား ဖြုတ်ချခဲ့သည့် လှုပ်ရှားမှု နောက်ပိုင်းတွင် နိုင်ငံအတွင်းရှိ လွှတ်တော် နှစ်ရပ်ကြား နိုင်ငံရေးအရ အားပြိုင်မှုများရှိခဲ့သလို တိုင်းပြည်၏ သဘာဝ အရင်းအမြစ်များကို ပိုင်ဆိုင်ခွင့် ရရေးအတွက် အုပ်စုများ အကြားတွင်လည်း တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီသည် ၂ဝ၁၁ ခုနှစ်မှ စတင်ကာ လစ်ဗျားနိုင်ငံသို့လက်နက်တင်ပို့ခွင့် (သို့မဟုတ်) ၎င်းနိုင်ငံသို့စစ်လက်နက်နှင့် ဆက်စပ်သည့် အစိတ်အပိုင်းများ အားလုံး တင်ပို့ခွင့်ကို ပိတ်ပင်တားမြစ်သည့် ဆုံးဖြတ်ချက် အမိန့်တစ်ရပ်ကို ချမှတ်ထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.