Connect with us

Europe

သမ္မတ ရှီကျင့်ဖိန် နှင့် ဝန်ကြီးချုပ် မာကဲလ်တို့ တရုတ်လူငယ်အသင်း နှင့် ဂျာမနီလူငယ်အသင်း ချစ်ကြည်ရေး ဘောလုံးပွဲစဉ်ကို တက်ရောက်အားပေး

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန် နှင့် ဂျာမနီနိုင်ငံဝန်ကြီးချုပ် မာကဲလ်တို့  ဘာလင်မြို့ ၌ ပြုလုပ်သည့် တရုတ်လူငယ် နှင့် ဂျာမနီလူငယ် ဘောလုံးပွဲစဉ်သို့ အတူတကွ တက်ရောက်အားပေး(ဆင်ဟွာ)

ဘာလင် ၊ ဇူလိုင် ၆ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန် နှင့် ဂျာမနီနိုင်ငံဝန်ကြီးချုပ် အိန်ဂျလာမာကဲလ်တို့သည် ဇူလိုင်လ ၅ ရက်တွင် နှစ်နိုင်ငံ လူငယ်လူရွယ်များအကြား ချစ်ကြည်ရင်းနှီးမှုကို တွန်းအားပေးမြှင့်တင်ရန် ရည်ရွယ်ပြုလုပ်သည့် တရုတ်လူငယ်အသင်း နှင့် ဂျာမနီလူငယ်အသင်းတို့၏ ချစ်ကြည်ရေးဘောလုံးပွဲစဉ်သို့အတူတကွတက်ရောက် အားပေးကြည့်ရှု့ခဲ့ကြောင်း သိရသည်။

ကမ္ဘာကျော် အားကစားကွင်းကြီးတစ်ခုဖြစ်သည့် Olympiastadion ဘာလင် ဘောလုံးကွင်တွင်း ပြုလုပ်သည့် ချစ်ကြည်ရေးဘောလုံးပွဲမစတင်မီ တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က တရုတ်လူငယ်ဘောလုံးသမားများနှင့်တွေ့ဆုံခဲ့ပြီးအမှာစကားပြောကြားရာတွင် “ မောင်တို့တစ်တွေဟာ တရုတ်နိုင်ငံ နဲ့ဂျာမနီနိုင်ငံရဲ့ ဘောလုံးလောကအနာဂတ် ဖြစ်ပါတယ် ” ဟု ထည့်သွင်းပြောကြားခဲ့သည်။

“ မောင်တို့ဟာ ကြိုးစားတဲ့ စိတ်ဓာတ် ၊ တစ်ခြားသူဆီက လေ့လာသင်ယူလိုတဲ့စိတ်ဓာတ်နဲ့ချစ်ကြည်ရင်းနှီးမှုကို ထိန်းသိမ်းတဲ့စိတ်ဓာတ် စတာတွေကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နိုင်လိမ့်မယ်လို့ကျွနု်ပ် အနေနဲ့မျှော်လင့်ပါတယ်” ဟု သမ္မတရှီက ပြောကြားခဲ့သည်။

ချစ်ကြည်ရေးဘောလုံးပွဲမစတင်မီ တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန် နှင့် ဇနီး ဖုန်းလိယွမ်တို့ကို ဂျာမနီနိုင်ငံဝန်ကြီးချုပ် မာကဲလ်က ကြိုဆိုခဲ့ပြီး နှစ်ဘက်ခေါင်းဆောင်များသည် ဘောလုံးကွင်းအတွင်းပြသထားသည့် နှစ်နိုင်ငံစာသင်ကျောင်းများအကြား ဘောလုံးပညာရပ်ပူးပေါင်းဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများကို လှည့်လည်ကြည့်ရှု့ခဲ့ကြောင်း သိရသည်။

ဘောလုံးပွဲအပြီးတွင် တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က ဘောလုံးစွမ်းရည်များ စနစ်တကျဖွံ့ဖြိုးတိုးတက်စေရန် အတွက် တရုတ်-ဂျာမနီ ခေတ်မီဘောလုံးပညာရပ်ပူးပေါင်းဆောင်ရွက်ခြင်းများကို လုပ်ဆောင်သွားရန် တိုက်တွန်းပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် အသက်အရွယ်အပိုင်းအခြားအားလုံးတွင် ဘောလုံးပညာရပ်ပူးပေါင်းဆောင်ရွက်မှုများကို ဂျာမနီနိုင်ငံနှင့်အတူ လုပ်ဆောင်သွားရန် ဆန္ဒရှိကြောင်း နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်ခြင်းဖြစ် ကဏ္ဍစုံတွင် ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် ဥရောပနိုင်ငံများ ချစ်ကြည်ရေးခရီးစဉ်တစ်ခုအဖြစ် ဂျာမနီနိုင်ငံဘာလင်မြို့သို့ဇူလိုင်လ ၄ ရက် မွန်းလွဲပိုင်းတွင် ရောက်ရှိလာပြီး ဂျာမနီနိုင်ငံဆိပ်ကမ်းမြို့တစ်ခုဖြစ်သည့် ဟမ်းဘတ်မြို့၌ ကျင်းပမည့် G20 ထိပ်သီးအစည်းအဝေးသို့တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.