Connect with us

Europe

COVID-19 ကြောင့် ကမ္ဘာ့အကြီးဆုံး Oktoberfest ဘီယာပွဲတော် ဂျာမနီပယ်ဖျက်

ဂျာမနီနိုင်ငံ မြူးနစ်မြို့တွင် ၂၀၁၉ ခုနှစ် စက်တင်ဘာ ၂၁ ရက်က ကျင်းပသည့် ၁၈၆ ကြိမ်မြောက် Oktoberfest 2019 ဘီယာပွဲတော်တွင် စုံတွဲတစ်တွဲ ဘီယာသောက်သုံး နေစဉ်(ဆင်ဟွာ)

ဘာလင်၊မေ ၄ ရက်(ဆင်ဟွာ)

ဂျာမနီနိုင်ငံ မြူးနစ်မြို့၌ နှစ်စဉ် လက်ခံကျင်းပမြဲဖြစ်သည့် ကမ္ဘာ့အကြီးဆုံးဘီယာပွဲတော်ကြီးဖြစ်သော Oktoberfest ဘီယာပွဲတော်ကို COVID-19 ကပ်ရောဂါကြောင့် နှစ်နှစ်ဆက်တိုက် ပယ်ဖျက်လိုက်ရကြောင်း ဘာဗေးရီးယားပြည်နယ် (Bavaria) ဝန်ကြီးချုပ် Markus Soeder နှင့် မြူးနစ်မြို့တော်ဝန် Dieter Reiter က မေ ၃ ရက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ထုတ်ပြန်ကြေညာခဲ့သည်။

ညှိနှိုင်းဆွေးနွေးမှုအတွင်း အဆိုပါ ခေါင်းဆောင်နှစ်ဦးသည် ကမ္ဘာ့အကြီးဆုံး ဘီယာပွဲတော်ကို ယခုနှစ်တွင် ပယ်ဖျက်ရန် သို့မဟုတ် ဘာဗေးရီးယားပြည်နယ်တွင် ကျင်းပခြင်းမပြုရန် သဘောတူညီခဲ့ကြသည်။ COVID-19 ရောဂါအခြေအနေ ကြိုတင်ကာကွယ်တားဆီးရန်အတွက် ယခုကဲ့သို့ ဆုံးဖြတ်လိုက်ရခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

ဂျာမနီနိုင်ငံ မြူးနစ်မြို့တွင် ၂၀၁၆ ခုနှစ် စက်တင်ဘာ ၉ ရက်က ကျင်းပပြုလုပ်သည့် ကမ္ဘာ့အကြီးဆုံး Oktoberfest ဘီယာပွဲတော်တွင် ပါဝင်ဆင်နွှဲနေကြသူများအားတွေ့ရစဉ်(ဆင်ဟွာ)

Oktoberfest ပွဲတော်၏ ဂုဏ်သတင်းသည် မယိမ်းမယိုင် ဆက်လက်တည်ရှိနေမည်ဖြစ်ကြောင်း Soeder က ပြောကြားခဲ့ပြီး ယင်းနေရာတွင် မရေမတွက်နိုင်သောကန့်သတ်မှုရှိနေခြင်းနှင့်အတူ “ပရမ်းပတာ အခြေအနေ” အန္တရာယ်တစ်ခုရှိနိုင်ကြောင်း ၊ ဂန္တဝင်မြောက် ဘီယာအခင်းအကျင်းများဖြင့် ကျင်းပရသည့် ဧရာမပွဲတော်ကြီးတွင် တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာသောက်သုံးရန် နှင့် နှာခေါင်းစည်းဝတ်ဆင်ထားရန်မှာ “ လက်တွေ့မကျနိုင်ကြောင်း” ဆိုသည်။

ဂျာမနီနိုင်ငံ မြူးနစ်မြို့တွင် ၂၀၁၆ ခုနှစ် စက်တင်ဘာ ၉ ရက်က ကျင်းပပြုလုပ်သည့် ကမ္ဘာ့အကြီးဆုံး Oktoberfest ဘီယာပွဲတော်တွင် ပါဝင်ဆင်နွှဲနေကြသူများအားတွေ့ရစဉ်(ဆင်ဟွာ)

ဂျာမနီနိုင်ငံ မြူးနစ်မြို့တွင် ၂၀၁၆ ခုနှစ် စက်တင်ဘာ ၉ ရက်က ကျင်းပပြုလုပ်သည့် ကမ္ဘာ့အကြီးဆုံး Oktoberfest ဘီယာပွဲတော်တွင် ပါဝင်ဆင်နွှဲနေကြသူများအားတွေ့ရစဉ်(ဆင်ဟွာ)

ဂျာမနီနိုင်ငံ မြူးနစ်မြို့တွင် ၂၀၁၆ ခုနှစ် စက်တင်ဘာ ၉ ရက်က ကျင်းပပြုလုပ်သည့် ကမ္ဘာ့အကြီးဆုံး Oktoberfest ဘီယာပွဲတော်တွင် ပါဝင်ဆင်နွှဲနေကြသူများအားတွေ့ရစဉ်(ဆင်ဟွာ)

မြူးနစ်မြို့တွင် ပထမဆုံး Oktoberfest ဘီယာပွဲတော်ကို ၁၈၁၀ ပြည့်နှစ်တွင် စတင်ကျင်းပခဲ့သည်။ သမိုင်းတစ်လျှောက် ပွဲတော်အား အကြိမ်ရေ ၂၀ ကျော် ပယ်ဖျက်ခဲ့ရဖူးကြောင်း သိရသည်။ ထိုသို့ပယ်ဖျက်ရခြင်း အကြောင်းအရာများထဲတွင် နပိုလီယံနှင့် စစ်ပွဲဆင်နွှဲရခြင်း ၊ ပထမနှင့်ဒုတိယကမ္ဘာစစ် စစ်ပွဲများ အပြင် ၁၉ ရာစု အလယ်ပိုင်းက ကာလဝမ်းရောဂါ ကူးစက်ပြန့်နှံ့ခြင်းတို့ကြောင့် ဖြစ်ကြောင်း သိရသည်။Oktoberfest ပွဲတော်ကို ယခင်နှစ်ကလည်း ပယ်ဖျက်ခဲ့ရပြီး အကြောင်းမှာ COVID-19 ကပ်ရော ကြောင့်ဖြစ်သည်။ ယင်းမှာ နှစ်ပေါင်း ၇၀ ကာလအတွင်း ပထမဆုံးအကြိမ် ပယ်ဖျက်ရခြင်းဖြစ်သည်။ ၂၀၁၉ ခုနှစ်တွင် ကျင်းပခဲ့သည့် Oktoberfest ဘီယာပွဲတော်သို့ ကမ္ဘာတစ်ဝန်းမှ ဧည့်သည် ၆.၃ သန်းခန့်လာရောက် ဆင်နွှဲခဲ့ကြကြောင်း ပွဲတော်ကျင်းပရေးအဖွဲ့၏ ခန့်မှန်းချက် အရ သိရသည်။ (Xinhua)
—————————————
(Chinese Version)
Germany cancels Oktoberfest again due to COVID-19
BERLIN, May 3 (Xinhua) — Germany’s Oktoberfest, the world’s largest beer festival hosted annually by Munich, will be canceled for the second consecutive year due to the COVID-19 pandemic, Bavaria’s Minister President Markus Soeder and Mayor of Munich Dieter Reiter announced at a press conference on Monday.
At their meeting, the two politicians agreed to recommend that large festivals should be canceled or not held in Bavaria this season. They explained the decision with the precariousness of the COVID-19 situation.
Soeder said that the Oktoberfest’s reputation was also at stake. With countless restrictions in place, there would be a danger of “chaotic conditions.” Measures such as minimum distances and face masks were “practically not feasible” in classic beer tents at big festivals.
Munich celebrated its first Oktoberfest in 1810 and the festival has been canceled more than two dozen times in its history. Reasons were, among others, the war with Napoleon, the First and Second World Wars, as well as a cholera outbreak in the middle of the 19th century.
The Oktoberfest was already canceled last year because of the COVID-19 pandemic. It was the first cancelation in the past 70 years. According to the organizers’ estimates, around 6.3 million visitors from all over the world visited the Oktoberfest in 2019.

Photo-(1) People drink beer in a festival tent on the first day of the 186th Oktoberfest 2019, one of the world’s largest folk festivals, in Munich, Germany, Sept. 21, 2019. (Xinhua/Lu Yang)
Photo-(2,3,4,5) People enjoy Beer Festival in Munich, Germany , Sept. 09-2016.

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.