Connect with us

Europe

ဘုရားကျောင်း တိုက်ခိုက်သူ နှစ်ဦး အနက် တစ်ဦးမှာ ဆီးရီးယားရှိ IS အဖွဲ့နှင့် ဆက်သွယ်ရန် ကြိုးစား ခဲ့ကြောင်း ပဲရစ် အစိုးရရှေ့နေပြောကြား

တိုက်ခိုက်ခံရသည့် ဘုရားကျောင်း ပတ်ဝန်းကျင်၌ ရဲတပ်ဖွဲ့ဝင်များ လုံခြုံရေး ဆောင်ရွက်နေစဉ် (ဆင်ဟွာ)

ပဲရစ်၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ)

ပဲရစ်မြို့ အစိုးရရှေ့နေ ဖရန်ဆွာ မော်လင်းက ခရစ်ယာန် ဘုရားကျောင်းအား တိုက်ခိုက်ခဲ့သူ နှစ်ဦး အနက် တစ်ဦးကို ထောက်လှမ်းရေး အဖွဲ့များက သိရှိပြီဖြစ်ပြီး ၂၀၁၅ ခုနှစ်တွင် ဆီးရီးယား ရှိ IS စစ်သွေးကြွအဖွဲ့နှင့် ဆက်သွယ်ရန် နှစ်ကြိမ် တိုင် ကြိုးစားခဲ့သူ တစ်ယောက်ဖြစ်ကြောင်း ဇူလိုင်လ ၂၆ ရက်ကပြောကြားခဲ့သည်။

ပြင်သစ်နိုင်ငံ မြောက်ပိုင်းရှိ ဘုရားကျောင်း တစ်ခု၌ ခရစ်ယာန် ဘုန်းတော်ကြီး တစ်ပါးအား လည်လှီး သတ်ဖြတ် ခဲ့သော တရားခံသည် အသက် ၁၉ နှစ်အရွယ် Adel kermiche ဖြစ်ကြောင်း မော်လင်းက သတင်းထောက်များ အား ပြောကြားခဲ့သည်။
Adel kermiche သည် ၎င်း၏ တစ်ဝမ်းကွဲ ညီအကို ဖြစ်သူ၏ မှတ်ပုံတင်ကတ်ကို အသုံးပြု၍ ဆီးရီးယားရှိ IS စစ်သွေးကြွအဖွဲ့နှင့် ဆက်သွယ်ရန် နှစ်ကြိမ်တိုင်ကြိုးစားခဲ့ရာ၂၀၁၅ ခုနှစ် မတ်လတွင် ဂျာမန် ရဲတပ်ဖွဲ့၏ ကြားဖြတ် စစ်ဆေးမှုကြောင့် ပထမအကြိမ် ထိန်းသိမ်းခံခဲ့ရပြီး နောက် နှစ်လ အကြာတွင် တူရကီ အာဏာပိုင်များ၏ ထပ်မံ ဖမ်းဆီးထိန်းသိမ်းခြင်း ခံခဲ့ရကြောင်း သိရသည်။
၎င်းအား နေအိမ်တွင် အကျယ်ချုပ်ဖြင့် လွှတ်ပေးခဲ့ခြင်း ဖြစ်ပြီး ၎င်း၏ လှုပ်ရှားမှု မှန်သမျှကို ရဲတပ်ဖွဲ့မှ သိရှိနိုင်ရန် အတွက် အီလက်ထရောနစ် ပစ္စည်းတစ်ခုကိုလည်း ဝတ်ဆင်ထားစေခဲ့ကြောင်း သိရသည်။
မော်လင်းက ဓါးဖြင့် တိုက်ခိုက်ခဲ့သည့် ကျန်တရားခံတစ်ဦး၏ နောက်ကြောင်း ရာဇဝင်ကို စုံစမ်း စစ်ဆေးဆဲ ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ပြင်သစ်နိုင်ငံ မြောက်ပိုင်း နော်မန်ဒီအရပ်ရှိ Saint Etienne du Rouvray ဘုရားကျောင်း အား ဇူလိုင်လ ၂၆ တွင် ဓါးများ ကိုင်ဆောင်ထားသူ နှစ်ဦးက ဝင်ရောက်စီးနင်းခဲ့ပြီး အသတ်ခံရသည့် ဘုန်းတော်ကြီး တစ်ပါးနှင့် ဒဏ်ရာ အပြင်းအထန် ရရှိခဲ့သူ တစ်ဦး အပါအဝင် စုစုပေါင်း လူ ၆ ဦးကို ပြန်ပေးဆွဲ ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ပဲရစ် အစိုးရရှေ့နေက အသက် ၁၆ နှစ်အရွယ် ဆယ်ကျော်သက် တစ်ဦးအား စုံစမ်းစစ် ဆေးရန်အတွက် တရားရုံးသို့ ပို့ဆောင် ထားကြောင်း အတည်ပြုပြောကြားခဲ့ပြီး ၎င်းသည် ၂၀၁၅ ခုနှစ်က ဆီးရီးယားသို့ သွားရောက်လိုမှုဖြင့် ရဲတပ်ဖွဲ့က အလိုရှိနေသည့် တရားခံတစ်ဦး၏ ညီတစ်ယောက် ဖြစ်မည်ဟု ယုံကြည်ကြသည်။
မော်လင်းက တရားခံနှစ်ဦးသည် ဖောက်ခွဲရေးပစ္စည်းတု များကို ကိုင်ဆောင်ထားပြီး သီလရှင်များကို လူသားဒိုင်းအဖြစ် အသုံးချခဲ့ပြီး ၎င်းတို့ နှစ်ဦးအား ရဲတပ်ဖွဲ့က အသေပစ်ခတ် ဖမ်းဆီးခဲ့ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.