Connect with us

Europe

လူ လေးဦးသေဆုံးစေခဲ့သည့် ကားတိုက်မှု အတွက် ကနေဒါ အမျိုးသမီး ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံရ

ယာဉ်တိုက်မှုကြောင့် သေဆုံးခဲ့သည့် မိသားစုဝင် လေးဦးအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ကနေဒါ၊ ဇူလိုင် ၂၈ ရက် (ဆင်ဟွာ)

ကနေဒါ အမျုးိသမီးတစ်ဦးသည် ဇန်နဝါရီလတွင် အရက်သောက်သုံးပြီး မော်တော်ယာဉ် မောင်းနှင်ရာမှ ကားတိုက်မှု ဖြစ်ပွားခဲ့ရာ လူလေးဦး သေဆုံးခဲ့သည့် အတွက် တရားရုံးက ဇူလိုင်လ ၂၇ ရက်တွင် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံရကြောင်း သိရသည်။

အသက် ၄၉ နှစ် အရွယ်ရှိ Catherine McKay သည် မိသားစု တစ်ခုလုံး သေဆုံးစေခဲ့သော ယာဉ်မဆင်မခြင် မောင်းနှင်မှုကြောင့် အပြစ်ရှိကြောင်း ဇွန်လတွင် တရားရုံးလေးခု၌ ဝန်ခံခဲ့သည်။ McKay သည် ၎င်း၏ မော်တော်ယာဉ်အား ရပ်တန့် နိုင်ခြင်းမရှိပဲ အခြား ကားတစ်စီးအား တိုက်မိသဖြင့် ယင်းကားပေါ်တွင် လိုက်ပါလာသည့် လင်မယား နှစ်ဦးနှင့် ၎င်းတို့၏ ကလေးငယ် နှစ်ဦးပါ သေဆုံးခဲ့ကြောင်း သိရသည်။
ရဲအရာရှိများက ယာဉ်တိုက်မှု ဖြစ်ပွားပြီးနောက် McKay အား စစ်ဆေးရာ ၎င်း၏ သွေးထဲ၌ အယ်ကိုဟောလ် ပါဝင်မှုသည် သာမန်ထက် သုံးဆပိုမို မြင့်မားနေသည့်ကို တွေ့ရှိခဲ့ကြောင်း ကနေဒါ အသံလွှင့်ဋ္ဌာန တစ်ခုက သတင်း ထုတ်ပြန်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.